ဧရာဝတီလင်းပိုင်တစ်ကောင် ဒဏ်ရာများဖြင့် သေဆုံး

ဧရာဝတီလင်းပိုင်တစ်ကောင် ဒဏ်ရာများဖြင့် သေဆုံး

ရှားပါးမျိုးစိတ် တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင်တစ်ကောင် ဒဏ်ရာများဖြင့် သေဆုံးနေ
သည်ကို ဧပြီလ နောက်ဆုံးပတ်အတွင်းက တွေ့ရှိခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် အကျိုးတူ ငါးဖမ်းရေလုပ်သားအဖွဲ့ခေါင်းဆောင်ဖြစ်သူ 
ဦးမောင်လေးက ယခုလ ၁ ရက်တွင် ပြောသည်။

''ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဧပြီ၂၈ ရက်က တွေ့ရှိခဲ့ပါတယ်။ ဘယ်လိုကြောင့်
ဒဏ်ရာရပြီး သေဆုံးတယ်ဆိုတာကတော့တာဝန်ရှိသူတွေ အခု စစ်ဆေးနေပါတယ်။
ဒီအကောင် သေဆုံးတာက ဒီနှစ်အတွက်တော့ ပထမဆုံးလို့ ပြောလို့ရတယ်။ ရှားပါးမျိုး
စိတ်တစ်ခုဖြစ်တော့ သေတာ နှမြောဖို့ကောင်းပါတယ်''ဟု ဦးမောင်လေးက ပြောသည်။

အဆိုပါ သေဆုံးသည့်အကောင်ကိုဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်
အတွင်းရှိ စဉ့်ကူးမြို့နယ်၊ မြစ်ကမ်းကြီးကျေးရွာအနီးတွင် တွေ့ရှိခဲ့ကြောင်းနှင့်
သေဆုံးနေသည့် အကောင်မှာ အမြီးပြတ်နေကြောင်း ၄င်းက ပြောသည်။

''အခု သေဆုံးနေတဲ့အကောင်ကို သေဆုံးတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
အခုထိတော့ ဘယ်လိုကြောင့် သေဆုံးနေတာလဲဆိုတာ ထုတ်ပြန်ပြောဆိုလို့ မဖြစ်သေး
ပါဘူး။ စုံစမ်းနေဆဲကာလ ဖြစ်နေလို့ပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီလင်းပိုင်း
ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများကိုသက်ဆိုင်ရာ
အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိနေသော်လည်း တရားမဝင်ငါးခိုးဖမ်းနေသူများ
ကြောင့် နှစ်စဉ်သေဆုံးမှုမျာ ရှိနေကြာင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ဧရာဝတီလင်းပိုင်စစ်တမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ပြီး ၁၅ ရက်အထိ
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူ
များနှင့်မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့က ၁ဝ ရက်ကြာ စစ်တမ်းကောက်ယူ
ရာတွင်ယခုအကောင် မသေဆုံးမီအချိန်ထိ ဧရာဝတီမြစ်အတွင်း၌ ဧရာဝတီလင်းပိုင်
အကောင်အရေအတွက် ရ၃ ကောင်ကျော်ကို တွေ့ရှိထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး