မန္တလေးစက်မှုဇုန်တွင် စက်ပစ္စည်းခွန် ကောက်ခံခြင်းကို ကန့်ကွက်လျက်ရှိ

မန္တလေးစက်မှုဇုန်တွင် စက်ပစ္စည်းခွန် ကောက်ခံခြင်းကို ကန့်ကွက်လျက်ရှိ

မန္တလေးမြို့တော် စည်ပင်သာယာရေး  ကော်မတီက မန္တလေးစက်မှုဇုန်တွင် လုပ် ငန်းသုံးစွဲ
လျက်ရှိသော စက်ပစ္စည်းများ ကို အခွန်ကောက်ခံမည်ဆိုခြင်းနှင့် ပတ် သက်၍ ဇုန်အတွင်းမှ
လုပ်ငန်းရှင်များက  ကန့်ကွက်ထားကြောင်း သိရသည်။

"စက်မှုဇုန်ထဲက လုပ်ငန်းရှင်တွေအနေနဲ့ အမြတ်ခွန်၊ သန့်ရှင်းရေးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊
အိမ်ခွန်၊ မြေခွန်၊ လမ်း မီးခွန်၊ အမှိုက်ခွန်နဲ့ သန့်ရှင်းရေးခွန်တွေ ကို နှစ်စဉ်ပေးဆောင်ရပါတယ်။
ဒီလိုပေး ဆောင်နေရတ ဲ့ကြားထဲကမှ လုပ်ငန်းသုံး စွဲနေတဲ့ စက်ပစ္စည်းတွေကို ထပ်ပြီးအခွန်
ကောက်ခံမယ်ဆိုပြီး မြို့တော်စည်ပင်က အကြောင်းကြားလာတယ်။ ကန့်ကွက် ချင်တယ်
ဆိုရင်လည်း အခွန်ဌာနမှူးထံ ကို စာရေးသားပြီး တင်သွင်းနိုင်တယ်လို့ ပြောတယ်။ လုပ်ငန်း
ရှင် တစ်ဦးချင်း ကန့်ကွက်မယ်ဆိုရင် ထိရောက်မှုအားနည်းနိုင်တယ်။ ဒါ့ကြောင့် စက်မှုဇုန်
စီမံခန့်ခွဲရေး ကော်မတီကတဆင့် လုပ်ငန်းရှင်တွေ ကိုယ်စားကန့်ကွက်လွှာ တင်ထားပါတယ်"
ဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးစက်မှုဇုန်တွင် အထွေထွေ စက်မှုလုပ်ငန်းပေါင်း ၁,၅၀၀ ကျော် တည် ရှိသော်လည်း
ပြည်တွင်းဝယ်လိုအားကျ ဆင်းမှုနှင့် ပြည်ပနိုင်ငံများမှ တင်သွင်း လာသော ကုန်ပစ္စည်းများ
ကြောင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ရ၀ ရာခိုင်နှုန်းကျော်မှာ ဆက်လက်
ရပ်တည်ရန် ခက်ခဲနေကြောင်း သိရသည်။

"ကျွန်တော်တို့ ပြည်တွင်းစက်မှုလုပ်ငန်းတွေက အမျိုးမျိုးသော အခွန်တွေကို ပေးဆောင်ပြီး
လုပ်နေရတဲ့ အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကများတယ်။ ပြည်ပကနေ နည်းအမျိုးမျိုး
နဲ့ဝင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ ယှဉ်ရင် ဈေးကကြီးနေတယ်။ ဒီတော့ ပြည်တွင်းဈေးကွက်မှာ
ကိုပဲ မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ အစိုးရအနေနဲ့ ပြည်ပကနေ တရားမဝင်ဝင်လာတဲ့ ကုန်
ပစ္စည်းတွေကို တားဆီးအရေးယူ ပေးသင့်ပါတယ်။ ဒါ့ပြင် ပြည်တွင်းအသေးစားနဲ့ အလတ်
စား စက်မှုလုပ်ငန်းတွေကို ကောက်ခံနေတဲ့ အခွန်အခတွေကိုလည်း လျှော့ပေါ့ပေးသင့်ပါ
တယ်"ဟု မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများသည် ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ အရင်း
အနှီး မလုံလောက်မှု၊ ခေတ်မီ စက်ကိရိယာများ ပြောင်းလဲတပ် ဆင်ရန် လိုအပ်မှု၊
နည်းပညာရရှိမှု၊ ပြည်ပမှဝင်လာသော ကုန်ပစ္စည်းများကို ယှဉ်ပြိုင်နိုင်မှု၊ ပြည်ပမှ ကုန်ကြမ်း
ပစ္စည်းများကို စရိတ်မြင့်မားစွာဝယ်ယူသုံးစွဲရမှုစသည့် အခက်အခဲများကို ကြံုတွေ့နေရ
ကြောင်း စက်မှုလုပ်ငန်းရှင်များကပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး