မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုများဖွဲ့စည်းသွားမည်

မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုများဖွဲ့စည်းသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တစ်ခုလုံးတွင် မှုခင်းကြိုတင် ကာကွယ်ရေး
အင်အားစုများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

''တိုင်းရဲတပ်ဖွဲ့မှူး၊ အစိုးရအဖွဲ့အထိ တရားဝင်စာရင်းဇယားနဲ့ဖွဲ့တာ ကံသာယာရပ်ကွက်
က ပထမဆုံးပဲ။ ချမ်းမြသာစည်မြို့နယ် ၁၄ ရပ်ကွက်စလုံးတော့ ဖြစ်အောင်လုပ်မယ်။
ပထမဦးဆုံး ကျွန်တော့်ရဲ့ မဲဆန္ဒနယ် ခုနစ်ခုစလုံး အရင် ဖွဲ့သွားမှာပါ'' ဟု ၄င်းက
ပြောသည်။

ဧပြီ ၉ ရက်က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ကွက်စိတ်မှူးများ၊ အရပ်
သားများ ပါဝင်သည့် မှုခင်းကြိုတင်ကာကွယ်ရေးအင်အားစုကို ဖွဲ့စည်းခဲ့ပြီးညစဉ် ၈ နာရီ
အချိန်ခန့်မှ စတင်ခါ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဆိုင်ကယ်များဖြင့် ကင်းလှည့်လျက်ရှိကြောင်း
၄င်းက ပြောသည်။

''မန္တလေးမှာ လုယက်မှုတွေ များလာတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒါမျိုးလေးစလုပ်ရင်
ကောင်းမလားဆိုပြီး ကံသာယာအုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးတယ်။ ဥပဒေအရ ဒါမျိုးလုပ်လို့
ရမရ ကြည့်လိုက်တဲ့အခါမှာ ထွေအုပ်ပေါင်းပြီးတော့မှ ရပ်ကွက်ထဲမှာ မှုခင်းတွေ ကြိုတင်
ကာကွယ်တဲ့ အဖွဲ့တွေကိုတော့ ဖွဲ့လို့ရတယ်။ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊
ရဲတပ်ဖွဲ့မှူးတွေကို တရားဝင်သတင်းပေးပို့ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ရင်လုပ်လို့ရတယ်
ဆိုတော့ ဒီအဖွဲ့လေးကို ဧပြီ၉ ရက်ကစပြီး ဖွဲ့ဖြစ်တာပါ''ဟု ဦးမြင့်အောင်မိုးက ပြောသည်။

လုံခြံုရေးစီမံချက်ကို မြို့နယ်၏ အရှေ့ပိုင်း၊အလယ်ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ပိုင်းခြား
ထားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ
မြို့နယ်မှူးများ ပါဝင်ခဲ့ကြောင်း ၄င်းက ပြောသည်။

''အရင်တုန်းက ချမ်းမြသာစည်ဆိုတာ မှုခင်းတအားများတယ်။ အခုဆို မှုခင်းသိသိသာသာ
ကျပြီး ဘာမှမဖြစ်ဘဲ နောက်ဆုံး လမ်းဘေးက အတွဲတွေကအစ နည်းသွားတယ်။
ဘာလို့လဲဆိုတော့ မှောင်တဲ့အချိန်ဆို လမ်းဘေးမှာ အတွဲတွေရှိတယ်။ အတွဲတွေကို
သူ့ရဲ့သဘာဝကို သွားပြီး နှောင့်ယှက်တာမဟုတ်ဘူး။ သူတို့နှစ်ယောက်တည်း သွားပြီး
မှောင်ရိပ်ခိုတဲ့အခါ လုတဲ့သူအတွက် တအားလွယ်ကူတယ်။ အဲဒီလိုမဖြစ်အောင် ပတ်လိုက်
တဲ့အခါမှာ ညမိုးချုပ်တဲ့အခါ အတွဲတွေကအစ ပျောက်သွားတယ်''ဟု ဦးမြင့်အောင်မိုးက
ပြောသည်။

ကန်သာယာရပ်ကွက် မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုသည် ဧပြီ ၂၇ ရက်ည ၁၂
နာရီအချိန်ခန့်က ၅၈ လမ်းနှင့် မြတ်လေးလမ်းထောင့်တွင် ဆိုင်ကယ်ဖြင့် ဖုန်းလုပြေးသူ
တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကွင်းဆက်အမှုများကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး