ဖမ်းဆီးခံထားရသည့် စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားများအမှု လာမည့် မေ ၉ ရက် အပြီးသတ်အမိန့်ချမှတ်မည်

ဖမ်းဆီးခံထားရသည့် စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားများအမှု လာမည့် မေ ၉ ရက် အပြီးသတ်အမိန့်ချမှတ်မည်

စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်ချုပ်ချယ်မှုများ၊ 
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များကို ချိုးဖောက်
မှုများ ရှိနေသေးသည်ဟုဆိုကာ မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည့်
စစ်ကိုင်းပညာရေး ကောလိပ်ကျောင်းသားများကို လာမည့် မေ ၉ ရက်တွင် အပြီးသတ်
အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးမှ သိရသည်။

ဧပြီ ၂၆ ရက်က မန္တလေးမြို့ ၃၅ လမ်းနှင့် လမ်း ၈ဝ ထောင့်ရှိ အဆင့်မြင့်ပညာ ဦးစီးဌာန
အထက်မြန်မာပြည်ရုံးရှေ့တွင် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားကိုဇော်ရဲထွဋ်နှင့်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုနှင်းအောင်တို့ကခွင့်ပြုချက်ရယူခြင်း
မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ယင်းကျောင်းသားနှစ်ဦးနှင့်ဝန်းရံသူများဖြစ်သည့်
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုရဲမျိုးဆွေ၊ ကိုကောင်းဇော်ဟိန်
းတို့ကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

''ဒီနေ့ အမိန့်မချဖြစ်တာက ကျောင်းသားတွေကို ပြန်လည်ချေပခွင့်ရအောင် အခွင့်အရေး
ဆပးလိုက်တာပါ။ ယူတာမယူတာကတော့ သူတို့ဆန္ဒအတိုင်းပါပဲ။

''အခုတော့ တရားလိုပြ သက်သေခုနစ်ဦးကို စစ်ဆေးထားပါတယ်။ နောက်ရုံးချိန်းမှာတော့
အပြီးသတ် အမိန့်ချမှတ်သွားပါမယ်''ဟု ချမ်းအေးသာစံမြို့နယ် တရားရုံးသတင်းနှင့်
ပြန်ကြားရေးအရာရှိ ဦးမောင်မောင်သက်လွင်က ယခုလ ၂ ရက်တွင် ပြောသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ ကို ၂ဝ၁၆ ခုနှစ်အတွင်းကပြန်လည်
ပြင်ဆင်ထားပြီး ဆန္ဒဖော်ထုတ်မည်ဆိုပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့်မြို့နယ်အုပ်ချုပ်ရေး
မှူးများသို့ ခွင့်ပြုချက်တောင်းခံသည့်သဘောမျိုးမဟုတ်ဘဲ အကြောင်းကြားရမည်ဖြစ်
ကြောင်း ဦးမောင်မောင်သက်လွင်က ပြောသည်။

လက်ရှိ၌ ချမ်းအေးသာစံမြို့နယ်တရားရုံးက ကျောင်းသားများကို သုံးကြိမ်ရုံးထုတ်စစ်ဆေး
ထားပြီး ကျောင်းသားများက ရုံးထုတ်ချိန်တွင် တရားခွင်အား နောက်ကျောပေး၍ လက်ကိုင်
ဖုန်းများကို နားကျပ်တပ်ကာ တရားရုံးအား သပိတ်မှောက်ခဲ့ကြသည်။

''အခု စစ်ကိုင်းပညာရေးကောလိပ်မှာကျောင်းသားထုအခွင့်အရေး ချိုးဖောက်ခံရတယ်
ဆိုတာက အဲဒီကောလိပ်တစ်ခုတည်းက ကျောင်းသားတွေတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ
ရှိနေတဲ့ ကျောင်းသားတွေနဲ့သက်ဆိုင်ပါတယ်''ဟု ဖမ်းဆီးခံထားရသည့်ကျောင်းသား
ကိုကောင်းဇော်ဟိန်းကပြောသည်။

လက်ရှိ ပညာရေးကောလိပ်များတွင်ဖိနှိပ်အုပ်ချုပ်နေမှုများကို ကန့်ကွက်ဆန့်ကျင်ပြီး
ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ညီမျှသော ကောလိပ်ကျောင်းများကိုသာ အလိုရှိကြောင်း
ကိုနှင်းအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး