ငွေကျပ် သိန်း ရှစ်ထောင်နှင့် မော်တော်ယာဉ်များအား ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေမှ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်ပေးအပ်

ငွေကျပ် သိန်း ရှစ်ထောင်နှင့် မော်တော်ယာဉ်များအား ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေမှ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်ပေးအပ်

ပျောက်ဆုံးနေသည့် မကွေးတိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ရ ဘီလီယံကျော် နှင့်
မော်တော်ယာဉ်များမှ ငွေကျပ်သိန်း ရှစ်ထောင်နှင့် မော်တော်ယာဉ်များအား ၀န်ကြီးချုပ်ဟောင်း
ဦးဘုန်းမော်ရွှေ က မေ ရ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။

ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည့်
ရေနံလက်ယက်တွင်းရန်ပုံငွေကို ပြန်လည်လွှဲပြောင်းပေးရန် လက်ခံရယူခဲ့သော အဖွဲ့အစည်းများအား
သမ္မတရုံးအမိန့်ဖြင့်ညွှန်ကြားခဲ့ပြီးနောက် ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ယခုလ
ပထမပါတ်အတွင်း လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

မော်တော်ယာဉ် လေးစီးနှင့် ဘက်ဟိုးတစ်စီးအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း
ဦးဘုန်းမော်ရွှေနှင့် ၎င်း၏အဖွဲ့က မကွေးတိုင်းဒေသကြီး အစိုးရ ထံဧပြီ ၂၉ ရက်နေ့က အပ်နှံခဲ့သည်။

ဦးဘုန်းမော်ရွှေအနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေလ၏ ပထမပါတ်အတွင်းငွေကျပ်
သိန်း ငါးထောင်ပြန်လည်ပေးအပ်မည်ဟု ကတိပြုခဲ့ပြီး မကွေးတိုင်းအစိုးရအဖွဲ့၏ ငွေစာရင်းသို့
မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ နှစ်ရက်အတွင်း ငွေကျပ် သိန်းရှစ်ထောင် ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း
တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှပြောသည်။

“မနေ့တုန်းက ကြံ့ခိုင်ရေးကို ပေးခဲ့တဲ့ ကျပ်ငွေသန်း ထောင့်ခုနှစ်ရာ အနက်က ကျပ်သိန်း သုံးထောင်
(သန်း သုံးရာ)ရပြီ မနေ့တုန်းက(မေလ ၄ ရက်)၊ ဒီနေ့(မေလ ၅ ရက်) တစ်ခါထပ်ရတယ်၊
သိန်းငါးထောင်(သန်း ငါးရာ) ထပ်ရတယ်၊ နှစ်ရက်ပေါင်း သူတို့ကတိပေးထားတဲ့အတိုင်း
သိန်း ငါးထောင်တောင် မဟုတ်ပါဘူး၊ သိန်း ရှစ်ထောင် ပြန်ရပါပြီ” ဟု မကွေးတိုင်းဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညိုမှပြောသည်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၀န်ကြီးချုပ်ဟောင်း
ဦးဘုန်းမော်ရွှေမှ ကျပ်ငွေ သိန်းပေါင်းသုံးသောင်းကျော် လွှဲအပ်ရမည်ဖြစ်ပြီး မေလ ၅ ရက်နေ့အထိ
ငွေကျပ်သိန်း ရှစ်ထောင်နှင့် မော်တော်ယာဉ်များအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီးအစိုးရအား ကျပ် သုံးဘီလီယံကျော်
ပြန်လည်ပေးသွင်းရန် ကတိပြုထားပြီး တိုင်းဒေသကြီး အတွင်းရှိရေနံလက်ယက်တွင်းမှ ရရှိသည့်
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ရ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မော်တော်ယာဉ်များအား မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏
နေအိမ်ဝင်းအတွင်း ထိန်းသိမ်းထားပြီး ငွေကျပ် သိန်းရှစ်ထောင်အား မြန်မာ့စီးပွားရေးဘဏ်ရှိ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေစာရင်းတွင် ထည့်သွင်းထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်မှ
ပြောသည်။

“အဲဒါတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ထည့်ထားတယ်၊ နှစ်ကုန်ခါနီးလို့ ဖြည့်စွက်ရန်ပုံငွေအတွက်
သုံးဖို့ကိစ္စတွေပေါ်တဲ့အခါကြရင်တော့ ဒါတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်သုံးမှာပါ”ဟု
၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှပြောသည်။

ကျန်ရှိနေသည့် ငွေကျပ်သန်းလေးထောင်အားလည်း ယခင်အစိုးရအနေဖြင့် မည်ကဲ့သို့ သုံးစွဲခဲ့သည်ကို
မေးမြန်းစုံစမ်းရန် မကွေးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)သို့ စာပို့
အကြောင်းကြားထားသည်ဟု ဒေါက်တာအောင်မိုးညိုမှပြောသည်။

“ပြည်သူလူထုက ကျန်တဲ့ သန်းလေးထောင်ကို ဘယ်လိုသုံးလဲဆိုတာကို သိချင်တယ်၊ ဘယ်ဖွံ့ဖြိုးရေး
လုပ်ငန်းတွေမှာ သုံးခဲ့လဲ သိချင်တယ်၊ ဒါတွေသိမှသာလျှင် ပြည်သူလူထုကို သိန်းပေါင်းလေးသောင်းကို
ဘယ်နေရာတွေမှာ သုံးခဲ့လည်းဆိုတာ ပွင့်ပွင့်လင်းလင်းချပြနိုင်မှာဖြစ်လို့ပါ၊”ဟု ၄င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး