ဂျပန်နိုင်ငံက နောင်ချိုမြို့နယ်တွင် ကျောင်းဆောင်သစ် လှူဒါန်း

ဂျပန်နိုင်ငံက နောင်ချိုမြို့နယ်တွင် ကျောင်းဆောင်သစ် လှူဒါန်း

ဂျပန်နိုင်ငံက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သဖန်းကိုင်းကျေးရွာရှိ သဖန်ကိုင်း
ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းဆောင် သစ်တစ်ခု ဆောက်လုပ်
လှူဒါန်းခဲ့ ကြောင်း သိရသည်။

"သဖန်းကိုင်း ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းကျောင်းမှာ ဂျပန်နိုင်ငံရဲ့ အသေးစား
စီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စာသင်
ကျောင်းဆိုတာ နိုင်ငံရဲ့ အနာဂတ်တာဝန်ကို ထမ်းဆောင်မယ့် ကလေးတွေ ပညာသင်ယူတဲ့
နေရာဖြစ်ပါတယ်။ ပညာရေးဟာ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါတယ်။
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်အခုလို စီးပွားရေးဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ
ဖြစ်လာတာဟာ ပညာရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့လို့ပါ"ဟု ဂျပန်သံရုံးမှ အကြံ
ပးပုဂ္ဂိုလ် ံငိနေုင ြအျေကသ က ပြောသည်။

ထို့ပြင် "ကျွန်တော်တို့ဟာ မိမိနိုင်ငံရဲ့ အတွေ့အကြံုတွေကို အခြေခံပြီး မြန်မာ နိုင်ငံရဲ့ ပညာရေး
ကဏ္ဍ မြှင့်တင်ရေးကို အရေးကြီးတဲ့ ဦးစားပေးလုပ်ဆောင်မှု အဖြစ်သတ်မှတ်ပြီး အကောင်
အထည်ဖော် ကူညီထောက်ပံ့လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းဆောက်လုပ်ခြင်းနဲ့
ပြုပြင်ခြင်းလုပ်ငန်းတွေကို အခုချိန်ထိ ကျောင်းပေါင်း ၂၃၀ ကျော်တည်ဆောက် ထောက်ပံ့
ကူညီခဲ့ပြီးဖြစ်ပါတယ်။ ပညာရေးကဏ္ဍရဲ့ လိုအပ်ချက်မြင့်မားမှု၊ အရေးပါမှုတွေကြောင့် ဂျပန်
အစိုးရဟာ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးဖို့ စဉ်းစားဆောက်ရွက်နေပါတယ်"ဟု ၎င်းက
ဆက်လက်ပြောကြားသည်။

ဂျပန်နိုင်ငံက ဆောက်လုပ်လှူဒါန်း သော ကျောင်းဆောင်သစ်မှာ ပေ ၃၀ x ၁၀၀ အကျယ်
ရှိပြီး အခန်းငါးခန်း ပါ၀င် ကာ တစ်ခန်းလျှင် ကျောင်းသား ၃၀ ခန့် ပညာသင်ယူနိုင်ကြောင်း
သိရသည်။

"လားရှိုးမှာ ဦးပဥ္စင်းရဲ့သူငယ်ချင်း တစ်ပါးကလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
လုပ်နေတယ်။ သူ့ ကျောင်းကို ဂျပန်တွေက အရင်လှူတယ်။ သူ့ရဲ့အဆက်အသွယ်နဲ့ အခုလို
သဖန်းကိုင်းမှာ လာရောက်လှူဒါန်းဖြစ်သွားတာ"ဟု သဖန်းကိုင်း ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာလင်္ကာရက မိန့်ကြားသည်။

အဆိုပါဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ၂၀၀၄ ခုနှစ် ဇွန်လ ၁ ရက် နေ့က စတင်
ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှ ကျောင်းအိပ်ကျောင်းစား ရှင်သာ မဏေအပါး ၈၀ ၊
ကျောင်းသား ကျောင်းသူ ၁၅၀ ဦးနှင့် နေ့ကျောင်းသား ၁၆၀ ဦးတို့ကို တာဝန်ယူသင်ကြား
ပေး လျက်ရှိ ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး