ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁) ရှိ ညံတောကွင်းတွင် မဇ္ဈိမလှိုင်းတေးဂီတ အဖွဲ့က ရွှေစင်မင်း
သီလရှင်သင် (အမျိုး သမီး) ပရဟိတပညာရေးကျောင်း ရန်ပုံငွေပွဲ (Free Show) ကို
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖျော်ဖြေမည်ဖြစ်သည်။
"ကျောင်းမှာ ကျောင်းသား ၂၀၀ ဆံ့မယ့် လေးထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်
နေတယ်။ လောလောဆယ် သိန်းကိုးရာလောက်ကုန်သွားပြီ။ အချောပြီးဖို့ကနောက်ထပ်က
သိန်းရှစ်ရာလောက် လိုသေးတယ်။ ရန်ပုံငွေကို သုံးနှစ်အတွင်းတော့ ရအောင်ရှာရမယ်။
ကျောင်းသားအရေ အတွက်က များနေပြီး နေစရာလုံလုံ လောက်လောက်မရှိလို့တချို့ကို
နေပြည်တော် ပို့ထားရတယ်။
ကလေးတွေလည်း နေစရာသီးသန့် မရှိတဲ့အတွက် စာသင်ဆောင်တွေမှာပဲ အိပ်နေရတယ်။
ဒီတော့ ကျောင်းဆောင်မြန်မြန် ပြီးသွားအောင် ရန်ပုံငွေရဖို့အတွက် အခုလို မဇ္ဈိမလှိုင်းအဖွဲ့နဲ့
ရန်ပုံငွေပွဲလုပ်ရ တာပါ" ဟု ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတပညာရေးကျောင်းမှ
ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။
အဆိုပါ ရန်ပုံငွေပွဲ (Free Show) တွင် ကိုနေဝင်း၊ ကိုရဲလွင်၊ ခိုင်ထူး၊ ဂျေမောင်မောင်၊ စိုးထက်၊
ကိုထွဋ်၊ သားထွေး၊ သီရန်စု၊ ရဲရင့်မြင့်မိုရ်၊ သျှီ၊ မေခ လာ၊ ရတနာနှင့် ခက်ခက်အောင်တို့က
သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီ Free Show ပွဲမှာ ပရိသတ်တွေ နဲ့အလှူရှင်တွေထဲက အလှူခံပေးပြီး ရရှိ တဲ့အလှူငွေတွေ
ကို ရွှေစင်မင်း၊ သီလရှင်သင် (အမျိုးသမီး) ပရဟိတပညာရေး ကျောင်းကို လှူဒါန်းသွားမှာပါ"
ဟု ကိုသီရန်စုက ပြောသည်။
ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် နယ်စပ် ဒေသနှင့်
တောင်တန်းဒေသများမှ ကချင်၊ ရှမ်း၊ လားဟူ၊ လီဆူး၊ ပအိုဝ်း၊ ပလောင်စသည့် တိုင်းရင်းသူ
သီလရှင် ၅၀၀ ကျော်ကို စောင့်ရှောက်ထား ကြောင်း သိရသည်။
"နယ်စပ်ဒေသနဲ့ တောင်တန်းဒေသက မိဘမဲ့ကလေးတွေဆိုတာ ဘာမှသိ သေးတာ
မဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ် နဲ့ လူကုန်ကူးရောင်းစားခံရရင် ဘယ်လို လုပ်မလဲ။ အဲဒီလို
ရောင်းစားခံရပြီး တိုင်းတစ်ပါးကျွန် မဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို မိဘမဲ့ တိုင်းရင်းသူလေး
တွေကို ခေါ်ယူ စောင့်ရှောက်ပေးနေတာပါ" ဟု ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။
















