ပြည်ပသို့ သကြားတရားဝင်တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်ပေးစေလိုဟု ကြံ၊ သကြားအသင်းဥက္ကဋ္ဌ ပြော

ပြည်ပသို့ သကြားတရားဝင်တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်ပေးစေလိုဟု ကြံ၊ သကြားအသင်းဥက္ကဋ္ဌ ပြော

သကြားကို ပြည်ပသို့ တရားဝင်တင်ပို့ ရောင်းချနိုင်ရန်အတွက် အစိုးရမှဆောင်ရွက်ပေးရန်
လိုအပ်နေကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ
ဦးစိုးလင်းက ယခုလ ၆ ရက်တွင် ပြောသည်။

''သကြားကို တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ အစိုးရက လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။
သကြားက ပြည်ပဆိုရင် တရုတ်ကိုပဲ ပို့တာများတယ်။ မြန်မာက သကြားပို့နိုင်တာလည်း
တရုတ်ပြည်ပဲရှိတယ်။ အခုတော့ တရုတ်ဘက်ကနေ အဖမ်းအဆီးတွေ လုပ်လာပါပြီ'' ဟု
၄င်းက ပြောသည်။

တရုတ်ဘက်သို့ မြန်မာသကြားများကို နည်းလမ်းပေါင်းစုံဖြင့် ပို့ဆောင်နေရပြီး တရုတ်
ဘက်က သကြားကို နှစ်စဉ် တန်ချိန်အမြောက်အမြား လိုအပ်နေသော်လည်း အဖမ်းအဆီး
များနှင့်တားမြစ်ချက်များကိုလုပ်ဆောင်ကြောင်း ဦးစိုးလင်းက ပြောသည်။

''တရုတ်ဘက်ကနေ အဖမ်းအဆီးတွေလုပ်ဆောင်နေတာ ကြာနေပါပြီ။ ပြီးခဲ့တဲ့တရုတ်
နှစ်သစ်ကူး မတိုင်ခင်ကတည်းပါ။အသိသာဆုံးကတော့ သင်္ကြန်နောက်ပိုင်းမှာတော်တော်
လေး အဖမ်းအဆီးများလာတာပါ။ စျေးနှုန်းတွေကလည်း အရင်က တစ်တန်ကို ကျပ်
ရှစ်သိန်းကနေ အခု ကျပ် ၆၆ဝ,ဝဝဝပဲ ရှိတော့တာပါ''ဟု ၄င်းက ပြောသည်။

မြန်မာ့သကြားများကိုတရုတ်ဘက်က အဖမ်းအဆီးများပြုလုပ်လာ၍ သကြားများရောင်းချရန်
အခက်အခဲများ ဖြစ်ပေါ်နေပြီး စျေးနှုန်းများလည်း ကျဆင်းလာကြောင်း ဦးစိုးလင်းက
ပြောသည်။

''အခုဆိုရင် သကြားတွေက စုပုံနေတဲ့အပြင်စျေးတွေလည်း ကျဆင်းလာပါပြီ။ အစိုးရကနေ
ပြည်ပကို တရားဝင် တင်ပို့ရောင်းချနိုင်ဖို့တိကျသေချာတဲ့ မူဝါဒတွေ လုပ်ဆောင်ပေးဖို့လိုအပ်
နေပါပြီ။ ကုန်သွယ်မှု အရှုံးပေါ်တယ်ဆိုတာလည်း မှောင်ခိုတွေအထွက်များလို့အရှုံးပေါ်တ
ာပါ''ဟု ၄င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး