မြန်မာ - တရုတ်ရေနံပိုက်လိုင်းမှာ စတင် လည်ပတ်နေပြီဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး
အနောက်ခြမ်းတွင် ပိုက်လိုင်း တည်ဆောက်စဉ်က ထိခိုက်ပျက်စီးခဲ့သည့် ဥယျာဉ်ခြံမြေများအတွက်
နစ်နာကြေးပေးရန် ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း မြန်မာ ျွ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ
ဖြတ်သန်းတည်ဆောက်ရာ ဥယျာဉ်ခြံမြေများတွင် မြေပြိုခြင်းနှင့် မြေသားပိခြင်းများဖြစ်ပေါ်ကာ
ပျက်စီးဆုံးရှုံးခဲ့သည့် သီးနှံများနှင့် နှစ်ရှည်ပင်များအတွက် ငါးနှစ်ကျော်ကြာသည်အထိ နစ်နာကြေး
မရရှိသေးကြောင်း ဒေသခံတောင်သူများက ယခုလ ရ ရက်တွင် ပြောသည်။
"စာတင်တာ ၁၀ စောင် မကတော့ဘူး။ နေပြည်တော်အထိလည်း ရောက်တယ်။ အစိုးရသစ်
လက်ထက်မှာကို နှစ်ကြိမ်ရှိနေပြီ။ အရင်အစိုးရလက်ထက်မှာ ခေါ်တွေ့တာတော့ ရှိခဲ့တယ်။
ဒါပေမဲ့ ထူးခြားမလာဘူး"ဟု ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ တောင်သူ ဒေါ်လှရီက ပြောသည်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းကို မေ ၂ ရက်တွင် စတင်လည်ပတ်ခဲ့ရာ တစ်နာရီလျှင်
၁,၁၅၀ ကုဗမီတာနှုန်းဖြင့် ရေနံစိမ်း စတင်ပို့လွှတ်နေပြီး၊ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်ရှိ
ရေနံချက်စက်ရုံသို့ သုံးပတ်အကြာတွင် ရောက်ရှိရန် မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံပိုင်
China National Petroleum Corp (CNPC) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး China Daily
သတင်းစာက ယခုလ ၄ ရက်တွင် ရေးသားဖော်ပြသည်။
ရခိုင်ပြည်နယ် မဒေးကျွန်းမှ တရုတ် - မြန်မာ နယ်စပ်အထိ ရ၇၁ ကီလိုမီတာ ရှည်လျားသည့်
ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်အစောပိုင်းတွင်
ကနဦး ဖွင့်လှစ်ခဲ့သည်။
မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင် လည်ပတ်ခဲ့ခြင်း
ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများကြောင့် စိုက်ပျိုးသီးနှံများနှင့် နှစ်ရှည်ပင်များ
ထိခိုက်ပျက်စီးမှုကို မကွေးတိုင်းဒေသကြီးမြေယာသီးနှံ လျော်ကြေးပေးရေးအဖွဲ့၊ မြို့နယ်မြေစာရင်း၊
ရပ်ကွက်နှင့် ကျေးရွာမြေယာကော်မတီက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွင်းဆင်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့သော်လည်း ဒေသခံတောင်သူ အချို့၏ ဥယျာဉ်ခြံများသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း
ဒေသခံများက ပြောသည်။
"ကွင်းဆင်းပြီး နှစ်နှစ်ကြာတော့ မြေစာထောက်ပံ့ကြေး ဆိုပြီးပေးတယ်။ ကျွန်မတို့ လိုချင်တာက
ထောက်ပံ့ကြေး မဟုတ်ပါဘူး။ နစ်နာကြေးပါ။ ကော်ဖီပင်ဆို နှစ်သောင်းနှုန်း၊ နှစ်ရှည်သံပရာ၊ လိမ္မော်ဆို
တစ်သိန်း နှစ်သောင်းနှုန်း စတဲ့နှုန်းတွေနဲ့လျှော်ရမှာပါ။ အခုကတစ်ဧကကို ၃၉ ဒသမ ၉ သိန်းနှုန်းနဲ့
ဈေးဖြတ်ပေးခဲ့တယ်။ ဒါကြောင့် တောင်သူတွေက မထုတ်ခဲ့ဘူး။ အခုဆို တချို့နေရာတွေက
စိုက်လို့ပျိုးလို့တောင် မရတော့ဘူး" ဟု ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဒေါ်ဝါ၀ါက ပြောသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် လျော်ကြေးပေးရေးအဖွဲ့ကို တိုက်တွန်းပေးရန် တာဝန်ရှိနေပြီး
တောင်သူများ၏ နစ်နာချက်တိုင်ကြားစာကို လေ့လာဖတ်ရှုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ
အဖွဲ့ဝင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
"သူတို့တိုင်ကြားတဲ့စာက ဘယ်နေ့ဘယ်ရက်ကပို့ထားပြီး ၀န်ကြီးချုပ်ရုံးကို ရောက်၊ မရောက်တော့
ကျွန်တော်မသိသေးဘူး။ တရုတ်ကုမ္ပဏီကလည်း ပေးချေပြီးဖြစ်ပါလိမ့်မယ်။ အဲဒီငွေက
လျော်ကြေးပေးရေး အဖွဲ့ဆီမှာပဲ ရှိပါလိမ့်မယ်။ တောင်သူက သူတို့နစ်နာတာနဲ့ ကာမိတယ်၊
မကာမိဘူးဆို တဲ့ ညှိနှိုင်းမှုအပေါ်မှာ မူတည်ပါတယ်။ ဆုံးရှုံးမှုပမာဏကို မကာမိဘူးဆိုရင် ကျွန်တော်တို့
အစိုးရက သက်ဆိုင်ရာ လျော်ကြေးအဖွဲ့ကို တိုက်တွန်းရမယ့် တာဝန်ကျန်တယ်" ဟု
၎င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်း ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ထောက်ပံ့ကြေး
ပေးအပ်ရေး အခမ်းအနားပြုလုပ်၍ တောင်သူများကို ထောက်ပံ့ကြေးပေးအပ်ခဲ့သော်လည်း
တောင်သူခုနစ်ဦးက ထောက်ပ့ံကြေးကို လက်ခံယူခဲ့ခြင်း မရှိကြောင်း အဆိုပါတောင်သူများက
ပြောသည်။
"သူတို့ပေးတဲ့ ထောက်ပံ့ကြေးဆိုတာက သူတို့ ကွင်းဆင်းစစ်ခဲ့တဲ့ သီးပင်စားပင်ပျက်စီးတာနဲ့ယှဉ်ရင်
၁၀ ဆလောက်နည်းပါတယ်။ သူတို့ကွင်းဆင်းခဲ့တုန်းက သတ်မှတ်ခဲ့တဲ့ တန်ဖိုးပဲလိုချင်တာပါ။
တချို့ တောင်သူတွေက မရှိလွန်းလို့ သူတို့ပေးသလောက်ယူခဲ့ရတာတွေ ရှိခဲ့ပါတယ်" ဟု
ဒေါ်လှရီကပြောသည်။
မကွေးတိုင်းဒေသကြီးငဖဲမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာများဖြစ်သည့် ဂုတ်ကြီး၊ ဘုံးဘော၊
စွန်တက်၊ လင်းတဲ့၊ ပဘဲကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ခင်းနှင့် ဥယျာဉ်ခြံမြေများတွင်
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်သည်။
















