မန္တလေး ကုန်စိမ်းစျေးကွက်အတွင်း သံပရိုသီးစျေးနှုန်းများ ဆက်တိုက် ကျဆင်းနေသောကြောင့်
တောင်သူများ အရှုံးပေါ်ကာ ပုသိမ်ကြီးနှင့် အမရပူရက တောင်သူများက သံပရိုခင်းများကို
ခုတ်လှဲမှုရှိလာကြောင်း မန္တလေးတိုင်း ရှောက်၊ သံပရာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ
အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးနိုင်က ယခုလ ရ ရက်က ပြောသည်။
''အခု တောင်သူတွေအတွက် အခက်အခဲဖြစ်ပေါ်နေတာက ရတဲ့စျေးနဲ့ ကုန်ကျစရိတ်က
ဘယ်လိုမှ မကာမိဘူး။ အရင်းတောင်ရှုံးတယ်လို့ ပြောလို့ရတယ်'' ဟု ဦးနေမျိုးက ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးတိုင်း ကုန်စိမ်းစျေးကွက်၌ သံပရိုသီးစျေးနှုန်းမှာ ပိဿ ၄၀ ပါ
တစ်အိတ်လျှင် အများဆုံးအဖြစ် ကျပ် ရ,ဝဝဝ ခန့်သာ ရှိပြီး ပြီးခဲ့သည့်နှစ်က ပိဿ ၄၀ ပါ
တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၁၆,ဝဝဝမှ ၄၅,ဝဝဝ ထိ ရရှိခဲ့ကြောင်း စာရင်းများအရ
သိရသည်။
''အခုက ဘာဖြစ်နေလဲဆိုရင် ကျွန်တော်တို့က ကိုယ့်အင်အားကို အကုန်ခံပြီး သူများကို
လုပ်ပေးနေရတဲ့သဘော ဖြစ်နေတယ်။ ကိုယ့်တောင်သူအလုပ်ကို ကိုယ်လုပ်ချင်ပေမဲ့
အခုအခြေအနေက ကိုယ့်ရဲ့ အရင်းအနှီးတောင် မရတာမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့
အတွက် အကျိုးအမြတ်က ဘာမှ မရှိတော့ဘူး။ဒါကြောင့် ခုတ်လိုက်တာပါ'' ဟု သံပရိုသီး
စိုက်တောင်သူ ဦးစိုးမြင့်က ပြောသည်။
သံပရိုစိုက်ပျိုးရာတွင် တစ်ဧကလျှင်ကျပ် ၆ဝ,ဝဝဝ မှ တစ်သိန်းဝန်းကျင်အကြားကုန်ကျကြောင်းနှင့်
လက်ရှိစျေးနှုန်းကျ၍အရှုံးပေါ်နေကြောင်း တောင်သူများက ပြောသည်။















