အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

 

အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း
ရှင်များအသင်းတို့သည် စီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်ရန် မေ ၄ ရက်က မန္တလေးမြို့ရှိ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် MoU (နှစ်ဖက်နားလည်မှု
စာချွန်လွှာ) လက်မှတ်ရေးထိုးခဲ့ကြသည်။

''MoU သဘောတရားက သတင်းအချက်အလက်ဖလှယ်မယ်။ ကုန်သည်တွေ ချိတ်ဆက်ပေးမယ်။
ဒီအရာတွေအပေါ်မှာသဘောတူညီမှုတစ်ခု လုပ်တာပေါ့။လအလိုက် ဘာတွေလုပ်မယ်။ နှစ်အလိုက်
ဘာတွေ လုပ်မယ်ဆိုတာကတော့ အသေးစိတ် ဆက်ဆွေးနွေးရမှာပေါ့''ဟု မန္တလေးတိုင်းဒေသကြီး
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံ
အလယ်ပိုင်း၊ အရှေ့ မြောက်ပိုင်းတို့နှင့် ဆက်ဆံမှုအများဆုံး ရှိသော်လည်း အိန္ဒိယနိုင်ငံ
တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့သည် အလှမ်းဝေးသဖြင့်ယခုအခါမှသာ ပထမဆုံး
လက်မှတ်ထိုးနိုင်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

''မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှ ဝင်ပေါက်ဖြစ်ပြီး New Deli's
Act Policyရဲ့ အဓိကသော့ချက်လည်းဖြစ်ပါတယ်။ အဲဒီလိုပဲ အိန္ဒိယနိုင်ငံဟာလည်း မြန်မာနိုင်ငံ
အတွက် ကမ္ဘာ့ပြတင်းပေါက်တစ်ခု ဖြစ်ပါတယ်''ဟု မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်
Shri Nandan Bhaisora ပြောသည်။ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ရင်းနှီးမြုပ်နှံမှု၊ စီးပွားရေး
တွဲဖက် လုပ်ဆောင်မှုများအတွက် အလားအလာကောင်း များစွာ ရှိနေကြောင်း ၄င်းက
ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့သည် ၁၉၇ဝ ပြည့်နှစ်တွင် ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်
ရေးထိုးခဲ့ကြကာ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ဒုတိယ ပဲအများဆုံးတင်ပို့နေသည့်နိုင်ငံ
ဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး