ကျေးရွာ ၃၉၃ ရွာ မီးလင်းရေး ဆောင်ရွက်မည်

ကျေးရွာ ၃၉၃ ရွာ မီးလင်းရေး ဆောင်ရွက်မည်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၃၉၃ ရွာကို အမျိုးသားအဆင့်
လျှပ်စစ်စီမံကိန်း (NEP)အရ မီးလင်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းလျှပ်စစ်
ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (အင်ဂျင်နီယာ/စီမံကိန်းဌာန)မှ အထွေထွေမန်နေဂျာ
ဦးစိုးမင်းထွန်းက ပြောသည်။

''ကမ္ဘာ့ဘဏ်ချေးငွေနဲ့ National Electrification Plan (NEP) နဲ့ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်
အတွင်းမှာ စနေပါပြီ။ စနေပြီဆိုတာ လုပ်ငန်းအကောင်အထည်ဖော်တဲ့ အဆင့်တော့
မဟုတ်သေးပါဘူး။ ပစ္စည်းဝယ်ယူရေး တင်ဒါခေါ်တဲ့အဆင့်တော့ ဆောင်ရွက်နေ
ပါပြီ။ ဒီစီမံကိန်းက ၂ဝ၁၇၁၈ ကနေ ၂ဝ၁၉၂ဝ အထိ ပါဝင်ပါတယ်။ မန္တလေးတိုင်း
အတွင်းမှာ NEP အရ ၃၉၃ ရွာ ဆောင်ရွက်ပေးပါမယ်''ဟု ၄င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေးအတွက် နှစ်စဉ်
ရွာပေါင်း ၂ဝဝ ကျော်ခန့် ဆောင်ရွက်နေပြီးယခုနှစ်တွင်လည်း ကျေးရွာပေါင်း ၂ဝဝ ကျော်ကို
ဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄,၇ဝဝ ခန့်ရှိသည့်အနက် ၁,၇ဝဝ ကျော်သည်
လျှပ်စစ်ဓာတ်အားဖြင့် မီးလင်းနေပြီဖြစ်ကြောင်း၊ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက ၆၆ KV
ဓာတ်အားခွဲရုံသုံးရုံ၊ ၃၃ KV ဓာတ်အားခွဲရုံ ခုနစ်ရုံ၊ ၆၆ KV ကြိုးလမ်းမိုင်၂၁ မိုင်၊ ၃၃
KV ၁ဝ မိုင်နှင့်၁၁ ုဠ ၂ ဒသမ ရ မိုင်တို့ကို မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်
အားပေးရေး ကော်ပိုရေးရှင်းက တည်ဆောက်ခဲ့ကြောင်း ၄င်းက ပြောသည်။ 

  

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး