ကံကြီးကုန်းအိမ်ဖျက်ဆီးခံရသူများ ပြန်လည်တရားစွဲဆိုအမှုဖွင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ကံကြီးကုန်းအိမ်ဖျက်ဆီးခံရသူများ ပြန်လည်တရားစွဲဆိုအမှုဖွင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ပုသိမ်ကြီးမြို့နယ်အတွင်း ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာများရှိ  အိမ်ဖျက်ဆီးခံရသူများ
က မန္တလေးစည် ပင်သာယာနှင့် ဖျက်ဆီးခဲ့သော ၀န်ထမ်းများအား ပြန်လည်တရားစွဲဆို အမှု
ဖွင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း ဖျက်ဆီးခံရသူများက ပြောသည်။

အမှုဖွင့်ရာမှာ ဖျက်ဆီးခံခဲ့ရသူ ၁၃ ဦးအဖွဲ့က တစ်ဦးချင်းအားဖြင့် အောင်ပင်လယ် ရဲစခန်းသို့
အမှုဖွင့် ထားကြောင်း ဆိုသည်။

"ကျွန်တော်တို့  အိမ်မြေတွေကို စည်ပင်သာယာ မြေယာဌာနမှူး အပါအဝင် ၀န်ထမ်း ၂၀၀
ကျော်၊ လုံခြံုရေး ရဲဝန်ထမ်း ၁၀၀ ကျော်၊ သယ်ယူပို့ဆောင်ရေးယာဉ် ၂၀ ခန့်နဲ့ အချုပ်ကား
တစ်စီးနဲ့ လာပြီးဖျက်ဆီးကြတယ်။ အခု အမှုဖွင့်ထားတာ ကျွန်တော်တို့အိမ်တွေကို ဖျက်ဆီး
တာနဲ့ ဖျက်ပြီးသွားတာတွေကို ကားနဲ့ယူသွားတာတွေအတွက် အမှုဖွင့်ထားတာပါ"ဟု
ဇီးအုပ်ကျေးရွာမှ ဦးဝင်းအောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာက  အဆိုပါနေရာတွင် နေထိုင်သူများအား ကျူးကျော်
နေထိုင်သူများအဖြစ်  သတ် မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ဖယ်ရှားထွက်ခွါပေးရန်
ကြိုတင် အကြောင်းကြား သတိပေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းနေရာတွင် နေထိုင်သူ
များမှာ မိမိတို့သည် ကျူး ကျော်နေထိုင်သူများ မဟုတ်ဘဲ တရား ၀င် စာချုပ်စာတမ်းများဖြင့်
၀ယ်ယူနေ ထိုင်သည့်အတွက်  ဆက်လက်နေထိုင် ရခြင်းဖြစ်ကြောင်း ဒေသခံများက
ပြောသည်။

"အရောင်းအဝယ် လုပ်နေကြတာကို လည်း စည်ပင်ကသိတယ်။ ၀ယ်ထား တဲ့ထဲမှာလဲ
စည်ပင်ကဝန်ထမ်းတွေ၊ ရဲ ၀န်ထမ်းတွေလဲ ပါတယ်။ အဲတုန်းက  တော့ မတားဘူး။ အရောင်း
အဝယ် အတွက် မြေမရှိတော့မှ မြို့ကွက်သစ်မြေပေါ်မှာ ကျူးနေတယ်ဆိုပြီး ဖယ်ခိုင်း တယ်။
အိမ်တွေဖျက်တယ်။ ပစ္စည်းတွေ ကို ကားနဲ့သယ်တယ်။ ဒါတွေကြောင့် ရဲစခန်းမှာ အမှုဖွင့်
တာပါ"ဟု  ကံကြီးကုန်း ကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အောင်ပင်လယ် ရဲစခန်းတွင် အမှု ဖွင့်ထားသော်လည်း တိကျသော အဖြေ မရရှိခဲ့ပဲ တိုင်းရုံး
၏ ဆုံးဖြတ်ချက်အဖြေ ပေါ် မူတည်ပြီးမှ အကြောင်းပြန်နိုင် မည်ဖြစ်ကြောင်း အောင်ပင်လယ်
ရဲစခန်းမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားခဲ့သူများက ဆိုသည်။

"ကံကြီးကုန်းနဲ့ ဇီးအုပ်က ကျွန်တော် တို့ ပိုင်တဲ့ထဲမှာ မဟုတ်ပါဘူး။ သူတို့အဖွဲ့လိုက် တိုင်ကြား
စာကို လက်ခံထားပါတယ်။ သက်ဆိုင်ရာမြို့နယ်ကို တင်ပြထားတယ်။ အထက်က ညွှန်ကြား
ချက်ကို ပြန်စောင့်ရမှာပါ"ဟု အောင် ပင်လယ် ရဲစခန်းမှူး ရဲအုပ်ကံပိုက မြန်မာတိုင်း(မ်)ကို
ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ကော်မတီ တာဝန်ရှိသူများက ယခင်မြေ အရောင်းအဝယ်
ပြုလုပ်ခဲ့သောသူများ အား ပြန်လည်တရားစွဲရန် ပြောဆိုခဲ့ သော်လည်း ၀ယ်ယူခဲ့သော
သူများက "ကျွန်တော်တို့ အရင်ဝယ်ထားခဲ့တုန်း  ငွေပမာဏက သောင်းဂဏန်းပဲရှိ တယ်။
ပြန်ရလည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ သူတို့ကို တရားစွဲပြီး ထောင်ထဲပို့တော့ နေစရာ
ပြန်ရလာမှာလဲ မ ဟုတ်ဘူး။ ကျွန်တော်တို့ နေစရာရချင် တာပါ။ အရင်ကတည်းက အရောင်း
အဝယ်ကို တားခဲ့မယ်ဆိုရင် အခုလောက် ထိကြီး ဖြစ်လာစရာအကြောင်းမရှိ ဘူး"ဟု ကံကြီး
ကုန်းရွာသားတစ်ဦး က ပြောသည်။

ယခင် အရောင်းအဝယ်ပြုလုပ်ခဲ့ သော သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက
အကြိမ်ကြိမ်ခေါ်ယူစစ် ဆေးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

"၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်လောက်က တည်းက အရောင်းအဝယ်တေ ွဖြစ်နေ တာပါ။ တောင်သူ
တွေကလည်း နိုင်ငံ တော်နဲ့ ပတ်သက်လာရင် တာဝန်မယူ ဘူးဆိုပြီး အရောင်းအဝယ် လုပ်ကြ
တယ်။ ကျွန်တော်ရောင်းခဲ့တာ အကွက် ပေါင်းရာနဲ့ ချီပြီးရှိတယ်။ ကျွန်တော့်ကို (စစစ)လုံးကလဲ
စစ်တယ်။ ပုသိမ်ကြီး အုပ်ချုပ်ရေးမှူးရုံးကလည်း စစ်တယ်။မသန်မစွမ်းဖြစ်နေတဲ့ မိဘတွေကို
အတင်းခေါ်ယူ စစ်ဆေးပြီး လက်ဗွေနှိပ် ခိုင်းတာတွေ လုပ်တယ်"ဟု အိမ်မြေအရောင်းအဝယ်
ပြုလုပ်ခဲ့သော  ကိုမင်းဆန်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး