အမျိုးသမီးက ကွာရှင်းခွင့်တောင်းသဖြင့် ဒိုင်းမွန်းပလာဇာ ငါးလွှာမှ ခုန်ချပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့

အမျိုးသမီးက ကွာရှင်းခွင့်တောင်းသဖြင့် ဒိုင်းမွန်းပလာဇာ ငါးလွှာမှ ခုန်ချပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့

 

ယခုလ ၁၁ ရက်နေ့  နံနက် ၉ နာရီဝန်းကျင်တွင် လူတစ်ဦးသည်  ရ၇ လမ်းနှင့် ရ၈ လမ်းကြား၊
၃၃ လမ်းရှိ ဒိုင်းမွန်းပလာဇာ ငါးလွှာမှ ခုန်ချပြီး သေကြောင်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ကြံစည်သူမှာ အကွက် ၆၅၃ ၊  တာ ရဲတန်းရပ်၊ မဟာအောင်မြေမြို့နယ်နေ (ဘ) ဦးတင်မောင်၏
သားဖြစ်ပြီး အမျိုးသမီးဖြစ်သူ မယဉ်မွန်စန်းက ကွာရှင်း ခွင့်တောင်းသဖြင့် ယခုကဲ့သို့ မိမိကိုယ်
မိမိ ခုန်ချပြီးသေကြောင်းကြံစည်ရန် ကြိုးစားရခြင်းဖြစ်သည်ဟု ဆိုကြောင်း အမှတ် ၈ ရဲစခန်း
ထံမှ သိရသည်။

အခင်းဖြစ်ရာနေရာသို့ နယ်မြေရဲ စခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တာဝန်ရှိသူများ
က လေအိပ်များပြင်ဆင်ဆောင်ရွက်ခဲ့သော်လည်း မွန်းတည့် ၁၂ နာရီခန့်၌ ညှိနှိုင်းမှုရရှိပြီး
ကယ်တင်နိုင်ခဲ့သည်။

"သေကြောင်းကြံစည်မှုပါ။ပြစ်ဒဏ်အနေနဲ့ကတော့  ထောင်တစ်နှစ်ထိ ကျခံရနိုင်ပါတယ်"ဟု
အမှတ် ၈ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေကြောင်းကြံစည်သူအား အမှတ် ၈ ရဲစခန်းက (ပ)၇၁၄/၂၀၁၂ ပြစ်မှု ဥပဒေပုဒ်မ ၅၀၉
ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး