စရန်ငွေပေးထားသည့် မြို့တော်ခန်းမကို ငှားရမ်းခြင်းမပြုတော့ဟု ဆိုသောကြောင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီကို တရားစွဲဆိုသွားမည်ဟုဆို

စရန်ငွေပေးထားသည့် မြို့တော်ခန်းမကို ငှားရမ်းခြင်းမပြုတော့ဟု ဆိုသောကြောင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီကို တရားစွဲဆိုသွားမည်ဟုဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် တောင်သူလယ်သမားအရေးကိစ္စကို သက်ဆိုင်ရာ
တာဝန်ရှိသူများဖြင့် ဆွေးနွေးရန်အတွက် မြို့တော်ခန်းမကို စရန်ပေးငှားရမ်းထားသော်လည်း
ပွဲကျင်းပချိန်နီးကပ်လာမှ ငှားရမ်းခြင်း မပြုတော့သည့်အတွက် တောင်သူများက
မြို့နယ်စည်ပင်သာယာရေး ကော်မတီကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တောင်သူများက
ပြောသည်။

တိုင်းအစိုးရအဖွဲ့ဖွဲ့စည်းပေးထားသည့် တောင်သူလယ်သမားရေးရာ၊ ပြည်သူရေးရာ စေ့စပ်ညှိနှိုင်းရေး
အဖွဲ့နှင့် ပြင်ဦးလွင်ဒေသခံတောင်သူများက သိမ်းဆည်းခံလယ်ယာမြေများနှင့် တရားစွဲဆိုခံမြေယာ
မှုခင်းများအပေါ် ညှိနှိုင်းဆွေးနွေးပွဲကို မြို့တော်ခန်းမတွင် မေလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ရန်
အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ခန်းမကို စရန်ငွေပေး၍ ငှားရမ်းထားကြောင်း၊
သို့သော် မေလ ၁၅ ရက်နေ့ညပိုင်းတွင် ခန်းမကို မငှားရမ်းနိုင်သောကြောင့် စရန်ငွေပြန်လည်
ပေးအပ်ခဲ့သည့်အတွက် တောင်သူများနစ်နာမှုများရှိကြောင်း ပြင်ဦးလွင်ဒေသခံတောင်သူ
ဦးစိုင်းကျော်လေးက ယခုလ ၁၆ ရက်နေ့တွင်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးနစ်နာခဲ့သည့် တောင်သူများနှင့် တောင်သူလယ်သမားရေးရာ
ပြည်သူရေးရာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့အစည်းများက တရားစွဲဆိုနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့သည်။

"ဒီပွဲကို ကျွန်တော်တို့ စီစဉ်တယ်ဆိုတာကလည်း လွန်ခဲ့တဲ့ သုံးလေးလလောက်က ရဲတပ်ဖွဲ့က
သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်သူတွေ ထွန်းတုံးတိုက်ပွဲ မပြုလုပ်ပါနဲ့ ဆန္ဒပြပွဲတွေမလုပ်ပဲ
စေ့စပ်ညှိနှိုင်းခြင်းနဲ့ အဖြေရှာပါလို့ပြောထားလို့ အခုလို တွေ့ဆုံပွဲလေးကို စီစဉ်လိုက်တာပါ။
ကျွန်တော်တို့က ဆူပူအောင်လုပ်မယ်စိတ်မရှိပါဘူး တကယ်လုပ်မယ့်အချိန်ကျမှာ အခုလို
ခန်းမ မငှားပေးနိုင်ဘူးလို့ပြောလာတော့ ကျွန်တော်တို့မှာ အများကြီးနစ်နာရပါတယ်။
အဲဒီအတွက်လည်း ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ မြို့နယ်စည်ပင်ကို တရားစွဲဆိုသွားပါမယ်"ဟု
ဦးစိုင်းကျော်လေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး