အင်န်အယ်လ်ဒီပါတီ ရပ်/ကျေး ညီလာခံ၌ ဒီမိုကရေစီ နည်းလမ်း မကျပါက အသိအမှတ်မပြု

အင်န်အယ်လ်ဒီပါတီ ရပ်/ကျေး ညီလာခံ၌ ဒီမိုကရေစီ နည်းလမ်း မကျပါက အသိအမှတ်မပြု

အင်န်အယ်လ်ဒီ ပါတီ ဗဟိုညီလာခံ ကျင်းပနိုင်ရန် အခြေခံအဆင့်ဖြစ်သည့် ရပ်ကွက်/ကျေးရွာ
အဆင့် ညီလာခံများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပနေရာ ညီလာခံစီမံချက်နှင့်
ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီ နည်းလမ်းမှ သွေဖည်ခြင်းများရှိပါက အဆိုပါညီလာ ခံကို အသိ
အမှတ် ပြုမည်မဟုတ်ဟု ဗဟိုမှ တာဝန်ရှိသူများက အသိပေးထားကြောင်း ပါတီဝင်များက
ပြောသည်။

ယခုကျင်းပနေသော ရပ်/ကျေးအ ဆင့် ညီလာခံများမှာ လာမည့် ဗဟို ညီလာခံအတွက်
အခြေခံကျပြီး အရေး အပါဆုံးအဆင့်ဖြစ်ကာ ညီလာခံကိုယ်စားလှယ်များနှင့် အလုပ်အမှု
ဆောင်များကို စတင်ရွေးချယ်သွားရ မည်ဖြစ်သည်။

သို့ရာတွင် အချို့နေရာများ၌ ရပ်/ ကျေးညီလာခံ ကျင်းပရာတွင် ဒီမို ကရေစီနည်းလမ်းမကျ
ခြင်းများ ရှိသော ကြောင့် အဖွဲ့ဝင်အချို့က ရန်ကုန်ရှိ အဖွဲ့ချုပ်မှ တာဝန်ရှိသူများကို သွား
ရောက် အကြောင်းကြားခြင်းများရှိခဲ့ရာ ထိုသို့နည်းလမ်းတကျ ကျင်းပခြင်းမရှိ သောညီလာခံ
များကို ဗဟိုအဖွဲ့ချုပ်က  အသိအမှတ်ပြုမည်မဟုတ် ဟူသော အကြောင်းကြားစာ ထုတ်ပြန်
ပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့မြို့နယ်မှာ ပါတီဝင် ရ,၀၀၀ လောက်ရှိတာမှာ အများစုက ညီလာခံမှာ ပါ၀င်ဖို
့ ဖိတ်ကြားမခံရပါဘူး။ ကျွန်တော် ဒီလ ရ ရက်နေ့က အဖွဲ့ချုပ်က ဗဟိုညီလာခံ ကျင်းပရေး
ကော်မရှင် အတွင်းရေးမှူး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံပြီး ကျွန်တော်တို့မြို့နယ်ထဲမှာ ရပ်ကွက်
ညီလာခံ ကျင်းပရာမှာ ဖြစ်ပျက်နေတဲ့ ဒီမိုကရေစီ နည်းလမ်းမကျမှုတွေကို အကြောင်းကြား
ခဲ့ပါတယ်။ ဒီအခါမှာ ညီလာခံကျင်းပရာမှာ စီမံချက်နဲ့ ဆန့်ကျင်တာ၊ ဒီမိုကရေစီနည်းလမ်း
ကနေ သွေဖည်တာကို တွေ့ရှိရရင် ဒီ ညီလာခံတွေကို အသိအမှတ် မပြုနိုင် ကြောင်း၊ ညီလာခံ
ကျင်းပရေး အခြေအနေတွေကို စိစစ်လေ့လာပြီး ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ကို
အစီရင်ခံစာ ပေးပို့ဖို့ အကြောင်းကြားစာ ထုတ်ပြန်ပေးပါတယ်" ဟု မြင်းခြံမြို့နယ်မှ ပါတီဝင်
ဒေါက်တာဝင်းသူက ယခုလ ၁၀ ရက်နေ့တွင် ပြောသည်။

၎င်းတို့မြို့နယ်အတွင်း ရပ်ကွက် တစ်ခုတွင် ပါတီဝင်ဦးရေ ရာချီရှိသော် လည်း လူ ၂၀ ခန့်ဖြင့်
သာ ကျင်းပခဲ့ကြ ကြောင်း မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးလူနီက ပြော
သည်။

"လုပ်သွားခဲ့တဲ့ ပုံစံတွေက ဒီမိုကရေစီ ကျင့်စဉ်နဲ့ လုံးဝမညီ၊ ပုံစံလည်း မမှန် ပါဘူး။ လုပ်ချင်
သလို လုပ်သွားတာ ကြောင့် ဒါကို လက်မခံနိုင်ပါဘူး" ဟု အဖွဲ့ဝင် ဦးလူနီက ယခုလ ၁၀
ရက်နေ့ က ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ရပ်ကွက်အချို့၌လည်း ညီလာခံကျင်းပရာတွင်
နည်းလမ်းမကျ၊ မသမာမှုများ တွေ့နေရရာ ကျင်းပသော ရပ်ကွက်တိုင်းကို သွားရောက်ပြီး
မှတ်တမ်းယူနေကြောင်း ပါတီဝင်အချို့က ပြောသည်။

"ရွေးကောက်ခံရသူတွေရဲ့ အမည် စာရင်းအတိုင်း မြို့နယ်ညီလာခံတွေမှာ ပါမလာဘူးဆိုရင်
ဒီလိုမသမာမှုတွေကို ဗဟိုကနေသိအောင် နည်းမျိုးစုံနဲ့ အကြောင်းကြားသွားပါမယ်။
ဒေါ် အောင်ဆန်းစုကြည်ရဲ့ မျက်နှာ၊ ပါတီနဲ့ လူထုရဲ့မျက်နှာကိ ုကြည့်ပြီး ဒီမိုကရေစီ နည်းလမ်း
တကျသွားဖို့ပဲ တိုက်တွန်းချင် ပါတယ်။

"အခုမပြင်နိုင်ရင် နောင်မှာ ပြင်ဖို့ ခက်ခဲသွားမှာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပါတီဝင်တွေတိုင်း
ပါတီတွင်းမှာ ဒီလိုမတရားမှုတွေ ရှိနေတယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိစေ
ချင်ပါတယ်"ဟု ပြည်ကြီးတံခွန်မြို့နယ် 'ဈ' ရပ်ကွက်မှ ပါတီဝင် ဦးကိုကိုအောင် က ဖြည့်စွက်ေ
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး