တောင်တန်းဒေသနိုင်ငံများ၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းဆိုင်ရာ သဘောတူညီချက်ရေးထိုး

တောင်တန်းဒေသနိုင်ငံများ၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းဆိုင်ရာ သဘောတူညီချက်ရေးထိုး

မြန်မာနိုင်ငံက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ်ပါ၀င်သော တောင်တန်းဒေသ ဆိုင်ရာ အဖွဲ့အစည်း
တစ်ခုဖြစ်သည့်ICIMOD ( The International Center for Intergrated Mountain
Development) နှင့် ဥရောပသမဂ္ဂ (European Union) တို့အကြား ရာသီဥတု ပြောင်းလဲ
ခြင်းကြောင့် တောင်တန်းဒေသတွင် နေထိုင်သူများ လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး
အတွက် ယူရိုငွေ ၁၁ သန်း ကူညီမည့် သဘောတူညီချက်တစ်ရပ် ရေးထိုးပွဲကို ဒီဇင်ဘာ ၄
ရက်နေ့က ပြုလုပ်ခဲ့သည်။

ဟိမဝန္တာ တောင်တန်းဒေသ တစ်စိတ်တစ်ပိုင်းအဖြစ် ပါ၀င်ကြသည့် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊
ဘူတန်၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလား ဒေ့ရှ် စသည့် နိုင်ငံ ရှစ်နိုင်ငံ ပါ၀င်သည့်
အဖွဲ့အစည်းဖြစ်သော ICIMOD ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သည့် အကျိုး
သက်ရောက်မှုများကို အနည်းဆုံးအဆင့်သို့ လျှော့ချနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်
ဆိုင်ရာ ဗဟုသုတ တိုးမြှင့်ရရှိစေရန်၊ တောင်တန်း ဒေသများရှိ နေထိုင်မှုပုံစံများ၊ သုတေ
သနပိုင်းဆိုင်ရာ အတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် စသည်တို့ ကို အတူပူးပေါင်း
ဆောင်ရွက်နိုင်ရန် ရည်စူးထားသည်။ ၂၀၁၃ တွင် စတင် မည်ဖြစ်ပြီး ငါးနှစ်ကြာ
ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး