မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားနဲ့ သာ လက်ရှိမှာ
အလုပ်လုပ်နေကြရပေ မယ့် လူနေအထိုင်ကျပြီးဖြစ်တဲ့ အိမ်မြေ အကွက်အကွင်းတွေဟာ
လူနေကျဲပါးတဲ့ အကွက်အကွင်းတွေထက်တော့ အရောင်းအဝယ် အခြေအနေသာပြီး
အလုပ်လုပ်လို့ရနေကြောင်း အိမ်မြေ အကျိုးဆောင်တွေက ပြောပါတယ်။
လူနေကျဲပါးသေးတဲ့ မြို့ကွက်သစ် အပိုင်းက အိမ်မြေအကွက်အကွင်းတွေဟာ အရောင်းအဝယ်
ထိုင်းနေခဲ့တာ ကာလကြာရှည်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ တစ်ဖက်မှာ လူနေ
အခြေကျပြီး ဖြစ်တဲ့အကွက်အကွင်းတွေကတော့ မဖြစ်မနေနေထိုင်ဖို့ ၀ယ်ယူကြသူတွေအပြင်
ငွေကြေးတတ်နိုင်သူ တွေအနေနဲ့လည်း အကွက်အကွင်း ကောင်းရင် ငွေသုံးပြီး အခြေချ
လာကြတာမျိုးရှိတာကြောင့် မြေကွက်လွတ်အကွက်အကွင်း အပိုင်းတွေထက်တော့
အလုပ်လုပ်ဖို့ ပိုမိုမျှော်လင့်နိုင်ကြ ကြောင်း အကျိုးဆောင်တချို့က သုံးသပ် ပြောပါတယ်။
"အခုအခါ အရောင်းအဝယ်က ပြီးခဲ့တဲ့လတွေက အတိုင်းပဲ ထူးထူးခြားခြား ပြောင်းလဲလာ
တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် လူနေခွင်တွေထဲမှာတော့ မဖြစ်မနေနေဖို့ ၀ယ်တဲ့သူတွေ
ကြောင့် ကြိုးကြား အရောင်းအဝယ်ဖြစ်တာမျိုး ရှိတာပေါ့။ မြို့ကွက်သစ် မြေလွတ် မြေရိုင်း
တွေဘက်ကတော့ အရောင်းအဝယ်ဖြစ်တာမျိုး နည်းပါသေးတယ်"လို့ မြို့သစ်က အိမ်မြေ
အကျိုးဆောင်တွေက ပြောပါတယ်။
နေထိုင်ဖို့ မဖြစ်မနေဝယ်တဲ့သူတွေ အနေနဲ့ လူနေအထိုင် ကျပြီးတဲ့ အကွက် အကွင်းတွေ
ဘက်မှာ ကျပ်သိန်း ၁, ၀၀၀ အောက် ရာဂဏန်းဘရိတ်နဲ့ ကိုယ်နိုင်တဲ့ ပမာဏကို ၀ယ်ကြ
တာမျိုး ကြိုးကြားရှိသ လို ငွေပမာဏများများ တတ်နိုင်တဲ့ သူတွေကလည်း လမ်းကောင်း၊
အကွက် အကွင်းကောင်းမှာ သိန်းထောင်ဂဏန်း ဘရိတ်သုံးပြီး ၀ယ်ယူနေကြတာမျိုး
တစ်ခါတစ်ရံ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
"လူနေအထိုင်ကျပြီးတဲ့ အိမ်ခြံမြေ အကွက်အကွင်းနဲ့ လူနေကျဲတဲ့ ခွင်တွေရဲ့ ကွာခြားချက်က
တော့ လူနေအထိုင်ကျ ပြီးတဲ့ခွင်တွေက ဈေးကွက်အေးနေ လည်း နေဖို့ဝယ်လိုတဲ့သူတွေ
ကတော့လာရှာနေကြရတာပဲ။
"ဒါကြောင့် ဒီဈေးကွက်က ဣန္ဒြေရတာပေါ့။ လူနေကျဲပါးသေးတဲ့ အိမ်မြေခွင်တွေကတော့
အဲဒီလို မရပ်တည်နိုင်ပါဘူး။
"ဈေးကွက်အေး နေချိန်မျိုးမှာ အရောင်းအဝယ်ဖြစ်နိုင်ဖို့ အတော်ခက်ခဲပါတယ်"လို့ မြို့သစ်မှ
အိမ်မြေ အကျိုးဆောင်တွေက ပြောပါတယ်။ မန္တလေးမြို့ရဲ့ လူနေကျဲပါးသေးတဲ့ မြို့ကွက်သစ်
အိမ်မြေအကွက်အကွင်း တွေမှာ ပုံမှန်ဈေးနှုန်းတန်းနဲ့သာ ဈေးကွက်က ရှိနေခဲ့ရင် လက်ရှိအနေ
အထားလို ဈေးကွက်အေးစက်မှုက သိသိသာသာ ဆိုးဝါးနေခဲ့မှာ မဟုတ်ပါဘူး။
မြေဈေးကွက်မှာ ငွေဝင်ကစားသူတွေကြောင့် အချိန်ကာလ နှစ်လလောက်အတွင်းမှာ မဖြစ်
သင့်တဲ့ နှုန်းထားတွေအထိ ဖြစ်ခဲ့တာကတော့ ဈေးကွက်ကို အခုလို မရှူနိုင်မကယ်နိုင်အနေ
အထားမျိုး ကြုံတွေ့နေစေခဲ့တာပဲ ဖြစ်ပါတယ်။
"ဒါမျိုး ငွေဝင်ကစားတဲ့ အခြေအနေ ကြောင့် ကြုံနေကြရတဲ့ အဖြစ်မျိုးက အရင်ကလည်း ရှိခဲ့
ဖူးတာပါပဲ။ ပြန်ကုစား နိုင်ဖို့ကတော့ အချိန်ကာလပဲ ရှိပါတယ်။တခြားဈေးကွက်တွေ
သွက်လက်လာ မယ့် အခြေအနေတွေပေါ်လည်း မူတည်သေးတာပေါ့။
"တခြားရင်းနှီးမြှုပ်နှံမှုကနေ ငွေကြေး စီးဝင်တာများလာတဲ့အခါ မျိုးမှာ အိမ်ခြံမြေဘက်
ပြန်လှည့်လာကြ တာမျိုးရှိတယ်။ အဲဒီအခါမျိုးမှာ အိမ်မြေ ဈေးကွက်က သိသိသာသာ
ပြန်လှုပ် တတ်ပါတယ်"လို့ အိမ်မြေအကျိုးဆောင် တွေက ပြောပါတယ်။
အိမ်မြေဈေးကွက်မှာ အကွက်အကွင်းတစ်ခုအပေါ် လူကြိုက်များမှုနဲ့ အလားအလာကို လက်ရှိ
လူနေ သိပ်သည်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် အဓိကထားပြီး ဆုံးဖြတ်
နိုင်ကြောင်း၊ ဒါကြောင့် လူနေကျဲပါးတဲ့ အကွက်အကွင်းတွေမှာ ဈေးနှုန်းတန်းကို အချိန်တို
အတွင်း မြှင့်ပေးလာမှုဟာ သဘာဝမကျတဲ့ အနေအထားလို့ သုံးသပ်နိုင်ပြီး အဲဒီအခါ
မျိုးမှာ သတိနဲ့ လုပ်ကိုင်ကြသင့်ကြောင်း အကျိုးဆောင်တချို့က သုံးသပ်ပြောပါတယ်။
















