ပြင်ဦးလွင်မြို့က နေချင်စဖွယ် နှစ်ထပ်တိုက်

ပြင်ဦးလွင်မြို့က နေချင်စဖွယ် နှစ်ထပ်တိုက်

ပြင်ဦးလွင်မြို့တွင်း မန္တလေး-လားရှိုးလမ်းမကြီးအနီး၊ ဆုတောင်းပြည့် မဟာအံ့ထူးကံသာဘုရား
အနီးက လှပကျယ်ဝန်းတဲ့ နေချင်စဖွယ် နှစ်ထပ်တိုက် ဖြစ်ပါတယ်။

ဒီတိုက်ကို မျက်နှာဖွင့်ပေ ၆၀၊ ရှေ့ နောက် ပေ ၁၀၀ ကျယ်ဝန်းတဲ့ ခြံဝင်းထဲ မှာ ဆောက်လုပ်
ထားပါတယ်။ စတုရန်းပေ ၁,၆၀၀ ခန့် ကျယ်ဝန်းတဲ့ ဒီတိုက်ရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံက သပ်ရပ်
ပြီးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာကြောင့် မိသားစုသိုက်သိုက်ဝန်းဝန်း နေထိုင်
နိုင်မယ့် ဂေဟာလေးတစ်ခုလို့ ဆိုပါရစေ။

တိုက်အောက်ထပ်ရဲ့ ရှေ့ပိုင်းမှာ ဧည့်ခန်းကျယ်ရှိပြီး အနောက်ဘက်မှာ သီးခြားမီးဖိုခန်းနဲ့
ထမင်းစားခန်းပါ၀င် ပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာခန်းကို လည်း ဒီအနောက်ဘက်မှာပဲ
သပ်ရပ် ကျယ်ဝန်းစွာ ဖွဲ့ပေးထားပါတယ်။

အပေါ်ထပ်ရဲ့ ရှေ့ပိုင်းမှာ ဘုရားခန်းနဲ့ အတူ ဧည့်ခန်းလည်းပါ၀င်ပြီး လူကြီးတွေအတွက်
နှစ်ခြိုက်စရာပါပဲ။ ဒီအထပ်မှာပဲ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း အိမ်သာရှိထားတဲ့အပြင်
အပြင်ဘက် ၀ရန်တာကိုထွက်ရင်း ပြင်ဦးလွင်မြို့ရဲ့ လှပတဲ့ရှုခင်းနဲ့ သက်သောင့်သက်သာရှိ
စေမယ့် ရာသီဥတုကို ခံစားနိုင်ပါလိမ့်မယ်။

ဒါ့ပြင် ကားဂိုဒေါင်နဲ့ တိုက်ရှေ့မျက်နှာစာမှာ ပန်းမန်ဥယျာဉ်အတွက် မြေလွတ်လည်း ကျန်ပါ
သေးတယ်။ အဝီစိတွင်း၊ မီးမီတာပါ၀င်ပြီး အပန်းဖြေဖို့၊ မိသားစု သိုက်သိုက်ဝန်းဝန်းနေဖို့
သိပ်ကိုသင့်တော်တဲ့ ဒီတိုက်ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး