ဒီတစ်ပတ်ငါးမိနစ်စကားစမြည်ကဏ္ဍမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဆန်းမြင့်က
ဒီလနှောင်းပိုင်းမှာ ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ချက်များကို
ပြောကြားထားပါတယ်။
မေလနောက်ဆုံးပတ်ထဲမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံက ပထမအကြိမ်ထက်ပိုပြီး
စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပထမဆုံးအကြိမ်ကျင်းပတုန်းက အမှားအယွင်းအနည်းငယ်လေးတွေရှိခဲ့တယ်။ ဒါပေမဲ့
အခုတစ်ခါမှာတော့ ပိုပြီးတော့လုပ်နိုင်မယ်လို့ ထင်ပါတယ်။ မကြာခင် ကျင်းပတော့မယ့်
၂၁ ပင်လုံညီလာခံမှာ တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးတာ ပိုပြီးယုံကြည်မှုတွေရှိလာမယ်လို့
ထင်တယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း ဒေါ်အောင်ဆန်း
စုကြည်အပေါ် ပိုပြီးယုံကြည်ပေးဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာကလည်း
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် အဓိကလုပ်ဆောင်နေတဲ့သူ
တစ်ယောက်ပဲလေ။ ဒါကြောင့် ပိုပြီး ယုံကြည်ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက
ပြည်တွင်းစစ်ရပ်စဲမှ တိုးတက်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါကြောင့် တစ်ဖက်နဲ့
တစ်ဖက် ယုံကြည်မှုတွေထားပြီး ငြိမ်းချမ်းရေးရအောင် လုပ်စေချင်ပါတယ်။
















