အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ကျပ်သန်းပေါင်း ၄၈ဝ နီးပါး သုံးစွဲသွားမည်

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ကျပ်သန်းပေါင်း ၄၈ဝ နီးပါး သုံးစွဲသွားမည်

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဒေသများ စိမ်းလန်း
စိုပြည်ရေးအတွက် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျပ် ၄၇၉ ဒသမ ၆၃၉ သန်း သုံးစွဲသွား
မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရင်းနှီးမြှုပ်နှံမှု
အစီအစဉ်တွင် ဖော်ပြချက်အရသိရသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးဆောင်
လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပြီးအပူပိုင်းဒေသများတွင် ရေကန်များတူးဖော်ခြင်း၊ မြေအောက်
ရေတွင်းများတူးဖော်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအပြင်မြို့နယ်များတွင်
တည်ရှိနေသည့် ၄င်းဦးစီးဌာန ရုံးလုပ်ငန်းသုံး ပစ္စည်းများအတွက်ကိုလည်း အဆိုပါ
ရင်းနှီးမြှုပ်နှံခြင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ
ဖြင့်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွင် ရေးဆွဲထားသည်။

မြစ်သား၊ နွားထိုးကြီး၊ မြင်းခြံ၊ ရမည်းသင်း၊ကျောက်ပန်းတောင်းနှင့် သာစည်မြို့နယ်တို့တွင်
၁ ဒသမ ရ၃၃ သန်းတန်ဖိုးရှိ ရေကန်တူးဖော်ခြင်းလုပ်ငန်း၊ ပျော်ဘွယ်မြို့နယ်တွင် တန်ဖိုး
၃ ဒသမ ၄၄ဝ သန်းရှိ မြေအောက်ရေတွင်းတစ်တွင်း တူးဖော်ခြင်းကိုဆောင်ရွက်သွားမည်
ဖြစ်ပြီး ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်းနှင့် ညောင်ဦးခရိုင်တို့တွင် စုစုပေါင်း
ခရိုင်ငါးခုအတွက် ကျပ် ၄၆ဝ ဒသမ ဝ၅၉ သန်းကုန်ကျမည့် သစ်တောစိုက်ခင်းများကို
တည်ထောင်သွားမည်ဖြစ်ကြောင်းအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏
ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး