မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်းရှိ ထင်ရှားသော ဦးပိန်တံတား၏ ပျက်စီးယိုယွင်းမှု
များကို ဂျာမနီနိုင်ငံမှ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုတေသနပြုနေပြီး
သုံးနှစ်စီမံချက်ဖြင့် မူလလက်ရာမပျက် ပြင်ဆင်သွားရန် လျာထားစီစဉ်နေကြောင်း စီမံကိန်း
အဖွဲ့ခေါင်းဆောင်ဖြစ်သည့် နည်းပညာတက္ကသိုလ်(မန္တလေး) (Technological University
Mandalay - TUM) မှ ပါမောက္ခဒေါက်တာဇာခြည်မင်းက ပြောသည်။
ဂျာမနီနိုင်င၊ံ ကိုဘွန်းမြို့ TH George Agricola Bochum University မှ Project Manager
Mr. Karl Klelneberg နှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့နှင့် ဦးပိန်တံတားနှင့်
ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၈ ရက်မှ စတင်၍ မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီရုံးရှိ ခြောက်ထပ်ဆောင်အစည်းအဝေးခန်းမတွင်
ငါးရက်ကြာလုပ်ဆောင်ခဲ့ပြီး တံတားကို ကွင်းဆင်းစစ်ဆေးမှုများလည်းလုပ်ဆောင်ခဲ့
ကြောင်း၊ တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြဆွေးနွေးသွား
မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''တံတားပြုပြင်ထိန်းသိမ်းမှုကို လာမယ့် ၂ဝ၁၈ ခုနှစ်ကစပြီး သုံးနှစ်စီမံကိန်းနဲ့ လုပ်သွားဖို့
လျာထားပါတယ်။ လုပ်ဆောင်ရာမှာ မိုးရာသီကို ရှောင်ပြီး နှစ်စဉ် ဇန်နဝါရီလကနေ မေလ
အတွင်း ငါးလလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်'' ဟု ဒေါက်တာဇာခြည်မင်းက ယခုလ
၁၂ ရက်တွင် ပြောသည်။
လက်ရှိတွေ့ရှိချက်များအရ သစ်သားတံတားတွင် အစားထိုးထားသော ကွန်ကရစ်တိုင်
များမှာ ဆွေးမြေ့နေပြီး ၄င်းတို့ထက် သက်တမ်းပိုရင့်သော တံတား၏ ကျွန်းတိုင်လုံးများ
ထက်ပင် ကြံ့ခိုင်မှု ပိုမိုအားနည်းနေကြောင်း၊ ယခုပြုပြင်ပါက အစားထိုးထားသော
ကွန်ကရစ်တိုင်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း၊ ၅ဝ ရာခိုင်နှုန်းကောင်းမွန်နေသော
မူလသစ်သားတိုင်လုံးများကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ပြောသည်။
''ပြုပြင်ရာမှာ မူလလက်ရာအတိုင်း ပြန်ဖြစ်အောင်လုပ်မယ့်ဘောင်ထားရှိပြီး အဲဒီဘောင်ထဲ
ကနေ ကျော်မသွားအောင် လုပ်ဆောင်သွားမှာပါ။ လုပ်ငန်းစဉ်အတွက်အဓိက လိုအပ်ချက်
က ကျွန်းသစ်နဲ့ အလုပ်သမားပါ။ ဒါတွေကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာ တာဝန်ရှိသူ
တွေကိုတင်ပြသွားပါမယ်'' ဟု ဒေါက်တာဇာခြည်မင်းက ပြောသည်။
တံတားကို ပြုပြင်ထိန်းသိမ်းရန် ၂ဝ၁၅ ခုနှစ်ကတည်းက လေ့လာမှုများပြုလုပ်ခဲ့ကာ ၂ဝ၁၆
ခုနှစ်တွင် စီမံကိန်းအကြံပြုချက်စာတမ်းကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ Ministry of Affairs
သို့တင်ပြခဲ့ရာ ယူရိုငွေ ၅ဝ,ဝဝဝ ထောက်ပံ့မှုရရှိခဲ့ကြောင်း ၄င်းက ပြောသည်။
''စီမံကိန်းစတင်ဖို့အတွက် သစ်ရရှိမှုနဲ့ ကျွမ်းကျင်လုပ်သားရဖို့ အရေးကြီးပါတယ်။ ဒါတွေ
မရရင်တော့ ရှေ့နှစ်မှာ စီမံကိန်းစနိုင်မှာ မဟုတ်ပါဘူး။ နည်းပညာနဲ့ ကျွမ်းကျင်ပညာရှင်
ပိုင်းက ရှိနေပါပြီ'' ဟု ဒေါက်တာဇာခြည်မင်းက ပြောသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကယခင် တံတားပြုပြင်ထိန်းသိမ်းမှုအပိုင်းတွင်
နည်းပညာပိုင်း အားနည်းချက်များ ရှိခဲ့ကြောင်း၊ ရန်ပုံငွေအတွက် တိုင်းဒေသကြီးအစိုးရ
အဖွဲ့ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။
ဦးပိန်တံတားကို ၂ဝ၁၄ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၃ဝ
ကျော်ဖြင့် ပြုပြင်ခဲ့သည်။ ၄င်းနောက် ပြီးခဲ့သောနှစ်များအတွင်း Myanmar Teak-wood
ကုမ္ပဏီမှ လိုအပ်သော သစ်လုံးများကို ပံ့ပိုးမှုများပေးကာ ပြင်ဆင်မှုများရှိခဲ့သည်။ ၂ဝဝ၄
ခုနှစ် မိုးကြီးစဉ်က တံတားမျက်နှာပြင်အထိ တောင်သမန်အင်းရေမြင့်တက်ခဲ့ပြီးတိုင်လုံး
အချို့မျောပါသည်အထိ ရေကြီးခဲ့ကာ ကျွန်းသစ်သားတိုင်တချို့နေရာတွင် ကွန်ကရစ်တိုင်
များ အစားထိုးခဲ့ရပြီး မူလလက်ရာ ပျက်ယွင်းနေသည်။
တောင်သမန်အင်းကို ဖြတ်၍တည်ဆောက်ထားသော ဦးပိန်တံတားကို လွန်ခဲ့သော နှစ်
ပေါင်း ၁၆ဝ ခန့်က မြို့စာရေးဦးပိန်က ကျွန်းတိုင်ပေါင်း ၁,ဝဝဝ ကျော် အသုံးပြုတည်
ဆောက်ခဲ့ကာ တံတားအရှည် ရ ဒသမ ၈ ဖာလုံ ရှိသည်။
















