မန္တလေး ဖောင်တော်ဦး ကျောင်းသို့ အွန်လိုင်းကတစ်ဆင့် ငွေလှူဒါန်းနိုင်

မန္တလေး ဖောင်တော်ဦး ကျောင်းသို့ အွန်လိုင်းကတစ်ဆင့် ငွေလှူဒါန်းနိုင်

မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အွန်လိုင်းကတစ်ဆင့်
ငွေလှူဒါန်းနိုင်မည်ဖြစ်သည်။ ဖော်တောင်ဦးကျောင်းကို အွန်လိုင်းမှ ငွေလှူဒါန်းလိုပါက
ဖောင်တော်ဦးပရဟိကျောင်း၏ Wave Account နံပါတ် 09771315038 နှင့်
MPT မှတဆင့် 2801 ထံ မက်ဆေ့ပေးပို့၍လည်း လှူဒါန်းနိုင်သည်။

ပြည်ပမှတစ်ဆင့် လှူဒါန်းလိုသူများသည် www.pdoeducation.org သို့
ဝင်ရောက်လေ့လာနိုင်သည်ဟု လက်ထောက်ကျောင်းအုပ်ဖြစ်သူ ဦးတေဇောဘာသက
မိန့်ကြားသည်။ အသေးစိတ်မေးမြန်းလိုပါက ဦးတေဇောဘာသ (ဖုန်း ဝ၉၇၆၇၁၁၉၈ဝ၄)၊
ဦးဥတ္တမသာရ (ဖုန်း ဝ၉၇၉၉၈၉ဝ၁၇၇)၊ ဒေါ်ခင်ချစ်ဝင်း (ဖုန်း ဝ၉၇၉၈၇၉၃၁၆၆) တို့ကို
ဆက်သွယ်မေးမြန်းနိုင်သည်။

ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း
ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် မူလတန်းကျောင်း ၁၉၉၄ ခုနှစ်တွင် အလယ်တန်းကျောင်း၊
၂ဝဝဝ ပြည့်နှစ်တွင် တွဲဖက်အထက်တန်းကျောင်းအဆင့်ထိ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၆၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၈,ဝဝဝ ကျော်ကို
ဆရာ၊ ဆရာမပေါင်း ၄ဝဝ ကျော်ဖြင့် သင်ကြားပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး