မုံရွာမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထား

မုံရွာမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့်
ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက 
ကန့်ကွက်ထားသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျင်းပသော မုံရွာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွှန့်အောင်က အနိုင်ရရှိ
ထားခြင်းဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော်
ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာဝင်းမြင့်အောင်
ကန့်ကွက်ထားခြင်းဖြစ်သည်။

"ကျွန်တော်တို့ ကန့်ကွက်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ အဓိကတော့ ပြည်သူပိုင်
အားကစားကွင်းမှာ ပါတီဟောပြောပွဲပြု လုပ်တာကိုကန့်ကွက်ထားတာပေါ့။ နောင်ကို
ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေ ဖြစ်စေချင်တဲ့အတွက် ပါတီရဲ့လမ်းညွှန်မှုနဲ့ကော
ကျွန်တော်ဆန္ဒအရပါ ဒါလေးကိုကန့်ကွက်တာပါ" ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်
ခဲ့သည့် ဒေါက်တာဝင်းမြင့်အောင်က ယခုလ ၁၈ ရက်နေ့တွင် မြန်မာတိုင်း(မ်) ကိုပြော
သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်၌ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
ဒေါက်တာဝင်းမြင့်အောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပါတီမှ ဦးညွန့်အောင်၊ ပြည်သူ့
ဒီမိုကရေစီပါတီမှ ဒေါက်တာ သန်းထိုက်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ဦးစိန်မောင်း၊ အမျိုးသားတိုးတက်ရေး ပါတီမှ ဦးညွှန့်လှိုင်စုစုပေါင်း ပါတီ ၅ ခုဝင်ရောက်
ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်က ၉၅၉၅၃ မဲ (၈၁.၆၉ ရာခိုင်နှုန်း) ဖြင့်
မဲအများဆုံးရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဝင်းမြင့်အောင်က
၁၆၅၉၃ မဲ(၁၄.၁၃ ရာခိုင်နှုန်း)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးစိန်မောင်းက
၂၆၆၆ မဲ(၂.၂၇ ရာခိုင်နှုန်း)၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးညွှန့်လှိုင်က ၁၇၄၀ မဲ
(၁.၄၈ရာခိုင်နှုန်း)၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦးက ၅၀၆ မဲ
(၀.၄၃ ရာခိုင်နှုန်း) အသီးသီးရရှိခဲ့သည်။

"ကျွန်တော်ဆီကို ကန့်ကွက်ထားတယ်ဆိုပြီးတော့ ကော်မရှင်ကအကြောင်းကြားလာတာ
တော့မရှိသေးပါဘူး။ ဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းမျိုးတော့ မရှိပါဘူး" ဟု
အနိုင်ရကိုယ်စားလှယ်လောင်းဦးညွန့်အောင်က ပြောသည်။

ရွေးကောက်ပွဲဥပဒေများအရ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်
အမည် ကြေညာသည့်နေမှ စတင်၍ ၄၅ ရက်အတွင်း ကန့်ကွက်သူသည် မိမိစွပ်စွဲလိုသည့်
တရားမဲ့ပြုကျင့်ခဲ့သည့် အချက်အလက်များဖြင့် ကန့်ကွက်လွှာတင်သွင်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး