မိုဘိုင်းအင်တာနက်သုံးစွဲမှုကို မိနစ် အလိုက် ငွေကောက်ခံသည့်စနစ် အစား ဒေတာပမာဏ
အလိုက် ငွေကောက်ခံ သည့်စနစ်ကို အစားထိုး အသုံးပြုသွား မည်ဆိုပါက ထပ်တိုးအစီအစဉ်
အဖြစ်သာ ကြိုဆိုလိုကြပြီး မဖြစ်မနေ ပြောင်းလဲ အသုံးပြုရမည် ဆိုပါကလည်း ဈေးနှုန်းကို
ယခုယာယီသတ်မှတ်ထား သည့် ဈေးနှုန်းထက် လျော့နည်းစေ ချင်ကြောင်း မိုဘိုင်း
အင်တာနက်အသုံး ပြုသူများက ဆိုသည်။
"အင်တာနက်အသုံးပြုခကို ဒေတာ အလိုက်ကောက်တာ နိုင်ငံတိုင်းမှာ ရှိပါ တယ်။ ဒါပေမယ့်
မိနစ်အလိုက် ကောက် တာလည်း ရှိတာပဲ။ ဒေတာအလိုက် ကောက်တာက အဆင်ပြေတဲ့
လူရှိသလို အဆင်မပြေတဲ့လူလည်း ရှိတယ်။ အဲ တော့ ကိုယ်ကြိုက်တဲ့စနစ်ကို ကိုယ်ရွေး
ချယ်ပြီး သုံးနိုင်အောင် ဒေတာအလိုက် ကောက်တာကို စနစ်အသစ်တစ်ခု အနေနဲ့ ထပ်တိုး
တာမျိုးပဲ လုပ်စေချင် တယ်။ စနစ်အဟောင်းဖြစ်တဲ့ မိနစ် အလိုက် ကောက်တာကိုလည်း
မဖျက် စေချင်ဘူး"ဟု အယ်လ်ဖာ ကွန်ပျူတာ လုပ်ငန်းမှ ဦးရဲမြတ်သူက မြန်မာတိုင်း(မ်)
ကို ပြောသည်။
ယခု ပြောင်းလဲအသုံးပြုမည့် ဒေတာ အလိုက် ကောက်ခံသည့်စနစ်သည် အင်တာနက်
ဖွင့်ပြီး ပြန်မပိတ်မိလျှင် ငွေပေးဆောင်ရမှုမရှိခြင်း၊ အင်တာနက် အသုံးမပြုမီ Data Enable
ပြုလုပ်ရုံဖြင့် လည်း ငွေပေးဆောင်ရမှုမရှိခြင်း၊ ဒေတာ အချက်အလက်များကို ဒေါင်းလုပ်
ပြုလုပ်ရာတွင် ဒေါင်းလုပ်ပြုလုပ်သည့် ပမာဏအတွက်သာ ပေးရခြင်း၊ မိနစ်အချိန်တို့နှင့်
သက်ဆိုင်မှုမရှိဘဲ ဒေတာပမာဏနှင့်သာ သက်ဆိုင်မှုရှိခြင်း၊ 3G network သို့မဟုတ်
2.7G network မည်သည့် network အောက်တွင် အသုံးပြုရသည်ဖြစ်စေ ဒေါင်းလုပ်
ပမာဏ အတိုင်းသာ ငွေပေးဆောင်ရသည့် အတွက် ပိုမိုသက်သာခြင်းစသည့် အကျိုး
ကျေးဇူးများရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာထားသည်။
Facebook ကဲ့သို့ Social Network မျိုးတွင် Download မလုပ်သော်လည်း မိမိ
သူငယ်ချင်းများက Post အသစ်များ တင်ခြင်း၊ ယင်းအတွက် Notification များ တက်လာ
ခြင်းတို့ကလည်း ဒေတာ အသုံးပြုမှုရှိသဖြင့် ပိုက်ဆံပေးရနိုင် ကြောင်း၊ ၎င်းပြင် ယခု
နောက်ပိုင်းအသုံး ပြုသည့် နည်းပညာမြင့်ဖုန်းများမှာ ဂျီပီ အက်စ်ဖွင့်ထားခြင်း၊ update
ပြုလုပ် ရမည့် Application များကို အလို အလျောက် download ဆွဲပေးခြင်းများရှိသဖြင့်
မိမိအသုံးပြုသည့် ဖုန်းပေါ် မူတည်၍လည်း ဒေတာအသုံးပြုမှု မြင့်တက်လာနိုင်ကြောင်း
ဦးရဲမြတ်သူက ဖြည့်စွက်ပြောသည်။
"ကျွန်တော်သုံးကြည့်တာတော့ ဖေ့ဘွတ်ကို စဖွင့်တဲ့ ၁ ဒသမ ၁၁ မိနစ်မှာတင် ၁ ဒသမ
၂၅ မက်ဂါဘိုက်ရှိနေပြီ။ ဒါက ပထမဆုံးစဖွင့်တဲ့ င်္First Load မို့လို့ ဒီလောက်သုံးတာပါ။
နောက်ပိုင်း ဒီအတိုင်းပဲ တောက်လျှောက် ဖွင့်ထားရင် အဲလောက်ပမာဏမသုံး တော့ဘူး။
တစ်နေကုန်ဖွင့်ထားတဲ့ လူတွေ၊ အင်တာနက်က နေဝင်လာမယ့် အရေးကြီးမေးလ်၊ အရေးကြီး
ဖုန်းတွေကို စောင့်နေသူတွေအတွက်တော့ Data အလိုက် ကောက်တာ အဆင်ပြေနိုင်ပေ
မယ့် Download သမားတွေအတွက်နဲ့ Facebook လို Dynamic Website သုံးသူတွေ
အတွက်တော့ အဆင်မပြေနိုင်ဘူး။
" နောက်ပြီးဒီဘက်ခေတ်က ကျောင်း သားတွေက အဆင့်မြင့်စာမေးပွဲတွေ ဖြေမယ်ဆိုရင်
စာအုပ်ရှာမဝယ်ဘဲ Video Files တွေကို ဒေါင်းလုပ်ဆွဲပြီး လေ့လာကြတယ်။ Video Files
အများစု ကလည်း မက်ဂါဘိုက် ရာဂဏန်းတွေ ရှိနေတော့ အဲလိုကျောင်းသားတွေ အတွက်
အဆင်မပြေဘူး။ ဒါကြောင့် ကျောင်းသားတွေအတွက် Student Version ဆိုပြီး ထားပေး
သင့်တယ်လို့ ထင်တယ်"ဟု ကွန်ပျူတာပညာရှင် အသင်းမှ အမှုဆောင်တစ်ဦးဖြစ်သူ
ဦးအောင်ကျော်ဇံကလည်း ဆိုသည်။
အချို့အင်တာနက်ဆိုင်များတွင် မိုဘိုင်းအင်တာနက်ဖြင့် ချိတ်ဆက်ကာ စီးပွားဖြစ် အသုံးပြု
နေခြင်းများ ရှိနေသဖြင့် မိုဘိုင်းအင်တာနက်လိုင်းများ ကြပ်လာကြောင်း၊ ယင်းကြောင့် အဆိုပါ
ပြဿနာ ကို ဖြေရှင်းရန် ယခုကဲ့သို့ ဒေတာ အလိုက် ကောက်ခံမည့်အစီအစဉ်ကို စဉ်းစား
လာခြင်း ဖြစ်နိုင်ကြောင်း နားလည်သူများက သုံးသပ်ကြသည်။
"သူများနိုင်ငံတွေမှာ မိုဘိုင်း အင်တာနက်ဆိုတာ အပျင်းပြေကြည့်ရုံတင် သုံးကြတာဖြစ်ပေမယ့်
ဒီမှာက ရိုးရိုးလိုင်းတွေဖြစ်တဲ့ ADSL, FTTH စတဲ့လိုင်းတွေက သုံးလို့မရအောင်ဖြစ်နေလို့
မိုဘိုင်းအင်တာနက်နဲ့ ချိတ်ဆက်ပြီး တကယ့် Heavy အလုပ်တွေ လုပ်နေကြရတယ်။ ပိုက်ဆံ
အများကြီးပေးပြီး တပ်ထားရတဲ့ အဲဒီရိုးရိုးလိုင်းတွေက ကောင်းနေရင် ဘယ်သူမှ မိုဘိုင်း
အင်တာနက်ကို စီးပွား ဖြစ် လုပ်ငန်းသုံး သုံးနေကြမှာမဟုတ်ဘူး။
နောက်ပြီး တိုင်းပြည်ရဲ့ ရ၀ ရာခိုင် နှုန်းလောက်က အင်တာနက်လိုင်း မရ ကြဘူး။ မိုဘိုင်း
အင်တာနက်ကျတော့ နေရာတိုင်းလိုလိုမှာ ရနေတော့ အသုံး ပြုသူတွေက အဲဒီဘက်ကို
ပိုအားသာနေကြတယ်။ ရိုးရိုးလိုင်းတွေကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ ဘယ်သူမဆို ၀ယ်သုံးနိုင်
မယ့် အနေအထားမျိုးရှိအောင်လုပ်ပေးသင့်တယ်။ အဲတော့ မိုဘိုင်းအင်တာနက် အသုံးပြုခကို
တိုးကောက်ပြီး အသုံးပြုသူကို လျှော့မယ့်အစား ရှိပြီးသား ရိုးရိုးလိုင်းတွေကို အရင်ကောင်း
အောင်လုပ် သင့်တယ်လို့ မြင်ပါတယ်" ဟု ကွန်ပျူတာပညာရှင် တစ်ဦးကလည်း ၎င်းအမြင်ကို
ပြောသည်။
အင်တာနက်ကို ဒေတာရရှိရန် အသုံးပြုနေသည့်အတွက် ဒေတာအလိုက် အသုံးပြုခ
ကောက်ခံခြင်းမှာ လက်ခံနိုင်သော်လည်း လက်ရှိကောက်ခံရန် စီစဉ်နေသည့် ပမာဏမှာမူ
မြင့်မား နေကြောင်းလည်း အင်တာနက်အသုံးပြု သူအချို့က ဆိုကြသည်။
"၁၀၀ ကီလိုဘိုက်ကို နှစ်ကျပ်ဆိုတော့ ၁ ဂစ်ကို ကျပ် ၂၀,၀၀၀ တောင် ကျမှာဆိုတော့ အရမ်း
များလွန်းတယ်။ တစ်ဂစ် ကို ကျပ် ၃,၀၀၀၊ ၄,၀၀၀ လောက်ဆိုရင် တော့ မဆိုးဘူးလို့ ပြော
ရမယ်။ ဒါပေမယ့် ဒေတာအလိုက် ကောက်တဲ့နေရာ မှာလည်း Connection က အရေးပါနေ
တာပဲ။ ဖိုင်တစ်ခုကို ဒေါင်းလုပ်ဆွဲနေတုန်း ၉၉ ရာခိုင်နှုန်းလောက်မှာ ပြုတ်ကျသွားရင် ကိုယ်က
ဒုတိယတစ်ခေါက် ထပ်ဆွဲရမှာပဲ။ အဲတော့ ပထမ တစ်ခေါက်က ဆွဲထားတဲ့ ပမာဏ
အတွက် ဒေတာအသုံးပြုခကို ဘယ်သူကပေးမှာလဲ။ ကိုယ်က ဖိုင်တစ်ခုတည်းနဲ့ နှစ်ခုစာ
ကုန်ကျနေမှာ ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး"ဟု မိုဘိုင်းအင်တာနက် အသုံးပြုသူ
တစ်ဦးကလည်း ဆိုသည်။
ဒေတာအလိုက် ကောက်ခံမည့်စနစ် ကို မဖြစ်မနေ ပြောင်းလဲအသုံးပြုမည်ဆို ပါက ဈေးနှုန်း
သက်သာရန် လိုအပ်သကဲ့ သို့ အသုံးပြုသူသုံးစွဲနေသည့် ပမာဏကို အတိအကျတွက်ချက်
နိုင်ရန် Official Application တစ်ခုရှိထားရန် လိုအပ်ကြောင်း၊ ၎င်းပြင် တစ်မက်ဂါဘိုက်
အသုံးပြုပြီးလျှင် မည်မျှကုန်ကျကြောင်း၊ ၁၀ မက်ဂါဘိုက်အသုံးပြုပြီးပါက မည်မျှ ကုန်ကျ
သွားပြီဖြစ်ကြောင်း မက်ဆေ့ချ် ပို့ပေးခြင်းများကို ၀န်ဆောင်မှုပေးသင့် ကြောင်းလည်း မိုဘိုင်း
အင်တာနက် အသုံးပြုသူများက ဆိုကြသည်။
















