ရှုပ စန္ဒီမန္တလ ဒေဝီ ဂေးအလှမယ်ပြိုင်ပွဲတွင် ခါးနံပါတ် ၉ မေသစ္စာမောင် အလှမယ်သရဖူ ဆုရရှိ

ရှုပ စန္ဒီမန္တလ ဒေဝီ ဂေးအလှမယ်ပြိုင်ပွဲတွင် ခါးနံပါတ် ၉ မေသစ္စာမောင် အလှမယ်သရဖူ ဆုရရှိ

ရှုပ စန္ဒီမန္တလ ဒေဝီဂေးအလှမယ်ပြိုင်ပွဲကို မေ လ ၁၇ ရက်က မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံတွင်
ကျင်းပ ပြုလုပ်ခဲ့ပြီး ၎င်းပွဲကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိင်စိတ်ခံယူမှုကွဲပြားသူများ(LGBT)နှင့်
မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ မှဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း လိင်စိတ်ခံယူမှု
ကွဲပြားသူများ (LGBT)မှ မန္တလေးဌာနကိုယ်စားလှယ် ကိုဂန္ဓဝင်(ခ) ကိုအောင်ဇော်ထွန်းကပြောသည်။

"စီးပွားရေး လုပ်ငန်းရှင်တွေ အဓိက ကူညီပေးတာပါ။ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ပတောင်းမြို့
တွေလဲ လာရောက်ယှဉ်ပြိုင်ပါတယ်။ ဒိုင်၁၀ ယောက်က ဆုံးဖြတ်ရွေးချယ်ပေးမှာပါ။ ပြီးတော့
ဒိုင်ချုပ်နှစ်ယောက်လဲ ပါ၀င်ပေးမှာပါ။ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။

ရှုပ စန္ဒီမန္တလ ဒေဝီ ဂေးအလှမယ် ၀င်ရောက်ယှဉ်ပြိုင်သူ အယောက် ၃၀ ထဲမှ အလှမယ် သုံးဦးနှင့်
တခြားဆု ၁၅ ဆုအပြင် မာရီစတုပ်အလှမယ်ကိုလည်း ရွေးချယ်ခဲ့ကြောင်း၊ ရူပ စန္ဒိမန္တလ ဒေဝီ
အလှမယ် သရဖူဆုကိုခါးနံပါတ် ၉ ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မေသစ္စာမောင်က အလှမယ်ဆုနှင့်
တခြားဆု ငါးဆု ရရှိခဲ့ကြောင်း ကိုအောင်ဇော်ထွန်း ကပြောသည်။

"၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖောင်တင်တာ အယောက် ၃၀ ကျော် ပါတယ်။ အဲဒီထဲကနေ ပြန်ပြီးရွေးချယ်
ထားတာပါ။ ဆုတွေကိုလဲ ထိုက်ထိုက်တန်တန် ချီးမြှင့်မှာပါ။ ဒီပြိုင်ပွဲကနေ ဆုရရှိသူတွေကို
နိုင်ငံတကာမှာ ကျင်းပမယ့် ဂေးအလှမယ်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာပါ"ဟု ၎င်းကပြောသည်။

လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBT) ၏ အခွင့်အလမ်းများသည် တခြားသူများ၏ အခွင့်အလမ်းထက်
နည်းပါးစွား ရရှိနေသည့် အပြင်ခွဲခြား ဆက်ဆံမှုများလည်း ရှိသည့်အတွက် လိင်စိတ်ခံယူမှု
ကွဲပြားသူများ နားလည်လက်ခံနိုင်အောင် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုအောင်ဇော်ထွန်း
ကပြောသည်။

"လိင်စိတ်ခံယူမှုကွဲပြားသူတွေက အခွင့်အရေးတွေ တောင်းဆိုနေတာ မဟုတ်ပါဘူး။ အားလုံး
တန်းတူအခွင့်အရေး ရဖို့အတွက်ပါပဲ။ ပညာရေး ကဏ္ဍတွေနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ
ခွဲခြားဆက်ဆံခံနေရပါတယ်။ အဲဒီခွဲခြား ဆက်ဆံရေးတွေ လျှော့ပေါ့ပေးဖို့နဲ့ လက်တွဲခေါ်ယူပေးဖို့
အတွက် အခုလိုပွဲတွေကျင်းပ ပြုလုပ်ရတာပါ"ဟု ၎င်းကပြောသည်။

အလှမယ်ဆု ရရှိတဲ့ မေသစ္စာမောင်ကလဲ"လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို လူတွေ
ပိုပြီးလက်ခံလာအောင်ရယ်။ ကျား၊ မ မခွဲခြားဘဲတန်းတူ အခွင့်အရေးတွေရအောင်ရယ်။ လူတွေ
ပိုပြီးလက်ခံလာအောင် အခုပွဲကို ၀င်ရောက်ယှဉ်ပြိုင်တာပါ။ ဆုရမယ့်လို့ မထင်ထားပေမယ့်
ဆုရခဲ့တဲ့အတွက် လိင်စိတ်ခံယူမှု ကွဲပြားသူတွေအတွက် အခွင့်အရေးတွေ လုပ်ဆောင်သွားမှာပါ။
နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေကိုလဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ
လုပ်ဆောင်ပါမယ်" ဟု ၎င်းကပြောသည်။

ရှုပ စန္ဒိမန္တလ ဒေဝီ ဂေးအလှမယ်ပြိုင်ပွဲကို ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆု သုံးသိန်း၊ တတိယဆု
နှစ်သိန်းနှင့် မာရီစတုပ်အလှမယ် ဆုအတွက် ကျပ် ငါးသိန်း ချီးမြှင့်ခဲ့ပြီး ခါးနံပါတ် ၉ မေသစ္စာမောင်က
ပထမဆု၊ ခါးနံပါတ်၂၅ ခြူးက ဒုတိယဆု၊ ခါးနံပါတ်၁၁ အိန်ဂျယ်လေးက တတိတယဆုနှင့်
ခါးနံပါတ် ၁၅ မေဟယ်ရီသော် က မာရီစတုပ်အလှမယ်ဆုများကို ဆွတ်ခူးခဲ့ကြောင်း
၎င်းတို့ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး