မန္တလေးမြို့တွင် ရေကြောင်းအင်ဂျင်နီယာ အလုပ်ရုံ ကျွမ်းကျင်မှုသင်တန်းကို ပထမဆုံးအကြိမ်
ဖွင့်မည်ဖြစ်ကြောင်း Mercury Training Center သင်တန်းကြီးကြပ်ရေးမှူး ကိုထွန်းထွန်းဦးက
ယခုလ ပထမပတ်က ပြောသည်။
"ဒီသင်တန်းကို ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ စက်မှုဌာနခွဲရဲ့ ညွှန်ကြားချက်အရ သင်္ဘော
ကျင်းလုပ်သက်(Dockyard Service) အစား ဖွင့်လှစ်တဲ့ (Workshop skills) သင်တန်းဖြစ်ပါ
တယ်။ သင်တန်းတက်ရောက်သူတွေကိုလည်း ဘာသာရပ်ငါးခုကို စာတွေ့၊ လက်တွေ့
ကျွမ်းကျင်မှုရှိအောင်၊ နိုင်ငံတကာ သင်္ဘောလုပ်သားတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် သင်ကြား
ပေးမှာပါ"ဟု ၎င်းက ပြောသည်။
"ရေကြောင်းတက္ကသိုလ်၊ ရေကြောင်း ကောလိပ်၊ B.E, B.Tech, A.G.T.I, E.G.T.I တွေနဲ့
တခြားအင်ဂျင်နီယာ ဒီပလိုမာ ရရှိထားသူတွေလည်း တက် ရောက်နိုင်ပါတယ်။ ပြီးတော့ ၁၀
တန်း အောင်မြင်ပြီး အသက် ၄၀ နှစ်အောက် စက်ခန်းဘက်ဆိုင်ရာ အသိအမှတ်ပြု ပင်လယ်
ပြင် လုပ်သက်နှစ်နှစ် ရှိသူတွေ လည်း တက်ရောက်နိုင်ပါတယ်"ဟု ကိုထွန်းထွန်းဦးက
ဆက်ပြောသည်။
သင်တန်းကာလ ပြီးဆုံးပါက နိုင်ငံခြား သင်္ဘောများပေါ်တွင် အလုပ်အကိုင်ရရှိနိုင်ပြီး၊
ရေကြောင်းဦးစီးဌာနက သတ်မှတ်သည့် ပင်လယ်ပြင်လုပ်သက် ပေါ်မူတည်၍O.E.W (3rd
Engineer) ဖြေဆိုခွင့် ရရှိမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
သင်တန်းတက်ရောက်မည့်သူများ မှာ ရေကြောင်းဦးစီးဌာနက အသိအမှတ်ပြု ထားသော
ဆေးခန်းတွင် ဆေးစစ်ချက် ရယူရမည်ဖြစ်သည်။
သင်တန်းကာလမှာ၂၈ ပတ်ဖြစ်၍သင်တန်းကြေးမှာ ကျပ်သိန်း ၂၀ ဖြစ်ပြီး ၂၀၁၂ ဒီဇင်ဘာလ
အတွင်း ကမ်းနားလမ်းနှင့် မြို့ပတ်လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးသင်္ဘောကျင်း
၀င်း၊ (ဂေါ၀ိန်ဆိပ်ကမ်းအနီး)မန္တလေးမြို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။















