ရွှေမန်းတောင် ဂေါက်ကွင်း ကယ်ရီအလုပ်သမားများ ဆန္ဒဖော်ထုတ်

ရွှေမန်းတောင် ဂေါက်ကွင်း ကယ်ရီအလုပ်သမားများ ဆန္ဒဖော်ထုတ်

အလုပ်ရှင်၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများခံစားနေရသည့်ဟုဆိုကာ 
ရွှေမန်းတောင်ဂေါက်ကွင်း ကယ်ရီအလုပ်သမားများက ယခုလ ၂၃ ရက်နေ့တွင် ဆန္ဒ
ဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြသာနာဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စု
အဆင့်အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြေရှင်းရေး ခုံသမာဓိကောင်စီက အလုပ်ထုတ်
ခံရသည့်အလုပ်သမား ရ၀ ခန့်ကို အလုပ်ပြန်ခန့်ရန်သတ်မှတ်ခဲ့သော်လည်း အချိန်ကြာ
လာသည်အထိအလုပ်ပြန်လည် မခန့်အပ်သေးသည့်အတွက် အလုပ်သမားများနစ်နာ
နေသောကြာင့် ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်များဖက်က လက်ရှိတည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာမှုမရှိ
သောကြောင့် အလုပ်သမားများနှင့်၎င်းတို့၏ မိသားစုဝင်များ စားဝတ်နေရေးအတွက်
အခက်အခဲများဖြစ်ပေါ်နေကြောင်း အလုပ်သမားများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး