အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်တို့က ကြီးမှူး၍ Mandalay Free
Rider အပျော်တမ်း စက်ဘီးစီးအဖွဲ့က ဦးစီးကျင်းပပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ
ဆီးဂိမ်းပွဲအကြို ပထမအကြိမ်အဖြစ် မန္တလေးတောင် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာလ
၂၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပြိုင်ပွဲမှာ နှစ်မျိုးရှိပါတယ်။ တောင်တက် Mountain Bike ပြိုင်ပွဲနဲ့ တောင်ဆင်း
Downhill Bike ပြိုင်ပွဲဆိုပြီး ခွဲထားတယ်။ တစ်ရက်ထဲမှာ နှစ်ပွဲပြိုင်မှာပါ" ဟုMandalay Free
Ride အပျော်တမ်း စက်ဘီးစီးအဖွဲ့မှ ဘဏ္ဍာရေးမှူး ကိုအောင်ဝင်းထွန်းက ပြောသည်။
တောင်တက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ရ နာရီတွင် ဆီဒိုးနားဟိုတယ်မှ စတင်
ထွက်ခွာမည်ဖြစ်ပြီး တောင်တက်ကားလမ်းအတိုင်း မန္တလေး တောင်ပေါ် စက်လှေကား
ယာဉ်ရပ်နား ကွင်းတွင် ပန်းဝင်မည်ဖြစ်ပြီး Downhill Bike ပြိုင်ပွဲကို နံနက် ၈ နာရီတွင် မန္တလေး
တောင်ပေါ် မောင်းတံဂိတ်မှ တောလမ်းအဆင်းဖြင့် တောင်ခြေ ဘိုး ဘိုးကြီး နတ်နန်း
အနောက်ဖက်တွင် ပန်း ၀င်ရမည်ဖြစ်ကြောင်း သိရသည်။
အတက်လမ်း ပေအရှည်မှာ ၃ ဒသမ ၂၅ မိုင်ရှည်ပြီး၊ အဆင်းလမ်းမှာ သုည ဒသမ ၅၀ မိုင်ခန့်
ရှည်လျားသည်။
"အခု ဖိတ်ခေါ်ပွဲကို နေပြည်တော်က လက်ရွေးစင် ရှစ်ယောက်လဲ လာမယ်။ ထိုင်းက စက်ဘီး
စီးတဲ့သူတွေကိုလည်း ဖိတ်ထားပါတယ်"ဟု ထိုင်းနိုင်ငံ Downhill Bike ပြိုင်ပွဲတွင် ဆဋ္ဌမဆုရ
ကိုအောင်နိုင်ထွန်းက ပြောသည်။
ပြိုင်ပွဲနှစ်ရက်စလုံးအတွက် ပထမဆု တစ်သိန်းခွဲ၊ ဒုတိယဆု တစ်သိန်းနှင့် တတိယဆု
ငါးသောင်းထိ ချီးမြှင့်သွား မည်ဖြစ်ပြီး ပန်းဝင်သူအားလုံးအတွက် ကံစမ်းမဲ နှိုက်ယူမှုများ
လည်း ရရှိမည်ဖြစ် ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ချင်သူများသည် (MFR) အဖွဲ့သို့ ယခုလ ၂၀ ရက်နေ့ နောက်ဆုံး ထား၍
လျှောက်လွှာများ လာရောက် ၀ယ်ယူတင်သွင်းနိုင်ပြီး ပြိုင်ပွဲ နှစ်ရက် စလုံး ၀င်ရောက်ယှဉ်ပြိုင်
နိုင်သည်။
စက်ဘီးစီးဖိတ်ခေါ်ပြိုင်ပွဲတွင် ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ရိုက်ကူးထား သော ရောင်စုံဓာတ်ပုံ
များကို ပြိုင်ပွဲပြု လုပ်ပေးမည်ဖြစ်ပြီး ပထမဆု တစ်သိန်း၊ ဒုတိယဆု ခုနှစ်သောင်း၊ တတိယဆု
ငါးသောင်းနှင့် နှစ်သိမ့်ဆု ၁၊ ၂၊ ၃ တို့ကို နှစ်သောင်းကျပ်စီ ချီးမြှင့်သွား မည်ဖြစ်ကြောင်း
သိရသည်။
ယခုအခါ(MFR) အသင်းတွင် အဖွဲ့ဝင်အင်အား ၄၈ ဦး ထိရှိနေ ပြီဖြစ်ကြောင်း သိရသည်။
















