ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာပညာရေးတွေ့ဆုံဆွေးနွေး

ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာပညာရေးတွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့၊ လားရှိုးမော်တယ်ခန်းမ၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၆
ရက်နေ့ နံနက် ၁၀ နာရီက Informatics Academy နှင့် လားရှိုးခရိုင် ပညာရေးကော်မတီ
တို့က ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာပညာရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် ပါရဂွန် အင်တာနေရှင်နယ်ကျောင်း၊ လားရှိုးသင်တန်း အုပ်ချုပ်ရေးမှူး
ဦးဗိုလ်ဗိုလ်အောင်က Informatics Academy နှင့် NCC (UK) မှ ဧည့်သည်တော်ကြီးများနှင့်
ဖိတ်ကြားထားသော ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုးနှင့် တက္ကသိုလ်ကျောင်းအုပ်ကြီးများ၊
ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုး
တော်ဆောင်များ၊ ဖိတ်ကြားထားသော ရပ်မိရပ်ဖများ၊ (NGO) အဖွဲ့အစည်းများ၊ မီဒီယာ
သတင်းထောက်များအား မိတ်ဆက်ပေးခဲ့သည်။

ဆက်လက်၍ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုးက အဖွင့်အမှာစကားပြောကြားကာ
Informatics Academy မှ ဒေါက်တာဂျော်နသန်ဘရစ်(တ)က လားရှိုးဒေသ ဖွံ့ဖြိုးမှုများ
ကို ပညာရေးကဏ္ဍဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စအဝဝကို တင်ပြခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး