မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ
ကျပ်သိန်းပေါင်း၆၄၅,ဝဝဝ ကျော် ကနဦးထုတ်ချေးပေးသွားမည်ဖြစ်ကာ
အခြားသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကိုလည်း တိုးမြှင့် ချေးပေးမည်ဖြစ်ကြောင်း
တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ
ကျပ်သိန်းပေါင်း၆၄၅,ဝဝဝ ကျော် ကနဦးထုတ်ချေးပေးသွားမည်ဖြစ်ကာ
အခြားသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကိုလည်း တိုးမြှင့် ချေးပေးမည်ဖြစ်ကြောင်း
တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက ပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်မှာ ချေးငွေရယူပြီး
တောင်သူများကို စပါးတစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံအတွက်တစ်ဧကလျှင်
ကျပ် ၂ဝ,ဝဝဝ ထုတ်ချေးပေးလျက်ရှိရာမှ ယခုနှစ်တွင် အခြားသီးနှံအတွက်
ကျပ် ၂ဝ,ဝဝဝ ကို ကျပ် ၅ဝ,ဝဝဝ အထိ တိုးမြှင့်ချေးထားပေးမည်ဖြစ်ကာ မေလတတိယ
အပတ်မှ စတင် ချေးပေးသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး
ဘဏ် မန်နေဂျာ ဦးဝင်းမြင့်က ယခုလ ၁၇ ရက်တွင် ပြောသည်။
''မေ ၂၃ ရက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ
ထုတ်ပေးဖို့ သတ်မှတ်ပေးထားတယ်ပေါ့။ မန္တလေးတိုင်းအတွက်ဆို ယခင်တောင်းခံထား
တဲ့ချေးငွေပေါ်ကနေ တစ်ဝက်တိတိကို ခွင့်ပြုထားတယ်။ ကျပ်သိန်းပေါင်း ကျပ် ၆၄၅,၅ဝဝ
ကနဦး ခွင့်ပြုပေးထားတယ်။ ထုတ်ချေးမယ့်နှုန်းထားကို စပါးတစ်ဧက တစ်သိန်းခွဲ
အခြားသီးနှံကို ၂ဝ,ဝဝဝ အစား ၅ဝ,ဝဝဝတိုးမြှင့်ပေးမယ်။ ချေးငွေကာလကို ပြည်ထောင်စု
အဆင့်ဆင့် ဝန်ကြီးဌာနတွေကရာသီအလိုက် ချမှတ်ပေးထားတာရှိတယ်။မိုးချေးငွေကို
မေလက စတင်ပြီး စက်တင်ဘာလကုန်အထိ သတ်မှတ်ပေးတယ်''ဟုဦးဝင်းမြင့်က
ပြောသည်။
တိုင်းဒေသကြီး ဘဏ်အနေဖြင့် ချေးငွေလျှောက်လွှာပုံစံအားလုံးကို မြို့နယ်
ဘဏ်ခွဲများသို့ ခွဲဝေပေးပြီးဖြစ်ကာ မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် သက်ဆိုင်ရာ
တောင်သူများသို့ ပေးဝေပြီးဖြစ်ကြောင်း၊ မြို့နယ်ဘဏ်ခွဲများကို ပြန်လည်ပေးပို့လာသည့်
ချေးငွေလျှောက်လွှာများကို စိုက်ဧကများနှင့် ထောက်ခံချက်များ မှန်ကန်မှု ရှိမရှိ
စစ်ဆေးနေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးပေးရန်အတွက် ကျေးရွာ
အုပ်စုပေါင်း ၁,၂၅၃ အုပ်စု၊ စပါးစိုက်ဧကပေါင်း ၅၄၄, ရ၇ဝ ဧက၊ အခြားသီးနှံစိုက်
ဧကပေါင်း ၉၄၉,၅၂၅ ဧကကို ချေးပေးနိုင်ရန် လျာထားသည်။
တိုင်းဒေသကြီးအတွင်း ယခင်နှစ် မိုးရာသီချေးငွေအဖြစ် ကျပ်သန်းပေါင်းကျပ်
၉၃,၈၈ဝထုတ်ချေးပေးခဲ့ပြီး မေ ၁၆ ရက်အထိ ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း
၇၆,၉၉၇ ကျပ် ရရှိထားပြီး ကျန်ရှိငွေမှာ ကျပ်သန်းပေါင်း၁၆, ၈၈၂ ကျပ် ကျန်
ရှိနေသေးသည်။
တိုင်းအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်အနက် ၁ဝ မြို့နယ်ကို ရာခိုင်နှုန်းအပြည့်
ကောက်ခံရရှိထားပြီး ချေးငွေပြန်ဆပ်ရန် ၁၃ မြို့နယ်ကျန်ရှိနေသေးကာ ယင်း ၁၃
မြို့နယ်အနက် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့တွင်
ပြန်ဆပ်ရန် အများဆုံး ကျန်ရှိနေသေးကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် ၄၂ ဒသမ ၉၈
ရာခိုင်နှုန်း၊ ရမည်းသင်းမြို့နယ်တွင် ၄၅ ဒသမ ၆၂ ရာခိုင်နှုန်း၊ မြစ်သားမြို့နယ်တွင်
၆၃ ဒသမ ၃ဝ ရာခိုင်နှုန်းအထိသာ ကောက်ခံရရှိထားကြောင်း မြန်မာလယ်ယာ
ဖွံ့ဖြိုးရေးဘဏ် စာရင်းများအရ သိရသည်။
''ယခင်နှစ်ချေးငွေတွေကို တစ်တိုင်းလုံးအတိုင်းအတာနဲ့ဆိုရင် ၈၂ ဒသမ ၂
ရာခိုင်နှုန်းအထိ ကောက်ခံရရှိထားသေးတယ်။ ပြန်ဆပ်ဖို့ ကျန်နေသေးတဲ့
မြို့နယ်တွေ ရှိနေပါသေးတယ်။ သတ်မှတ်အချိန်ကတော့ ကျော်သွားပါပြီ။
ချေးငွေကို အကုန်ပြန်ဆပ်နိုင်မှ နောက်ချေးငွေအသစ်ကို စတင် ချေးပေးနိုင်မှာပါ။
ဌာနက သတ်မှတ်ပေးထားတဲ့အချိန်အတွင်းမှ ပြန်ဆပ်နိုင်ရင်တော့ ကောင်းတာပေါ့။
ဒီငွေတွေဆိုတာကလည်း ဌာနကငွေတွေမဟုတ်ပါဘူး''ဟု ဦးဝင်းမြင့်က ပြောသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို သက်ဆိုင်ရာမြို့နယ်အလိုက် မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်များတွင် လယ်ယာမြေပိုင်ဆိုင်မှုပုံစံ(၇)တင်ပြထုတ်ယူနိုင်ပြီး
တောင်သူတစ်ဦးလျှင်တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင်
၁ဝ ဧက အထိ ချေးငွေထုတ်ယူနိုင်သည်။
''အစိုးရက စိုက်ပျိုးစရိတ်ချေးငွေကိုတိုးမြှင့်ပေးတယ်ဆိုရင်တော့ ကောင်းပါတယ်။
စိုက်ပျိုးရေးဘဏ်က သတ်မှတ်ထားတဲ့အချိန် ကျော်လွန်ပြီး ပြန်ဆပ်မယ်ဆိုရင်
တစ်လကို ငွေ ၁ဝဝ ကို တစ်ကျပ်နှုန်းနဲ့ အတိုးပေးရပါတယ်။ တောင်သူတွေ
အတွက်ကတော့ ရာသီဥတုဖောက်ပြန်တဲ့ နှစ်တွေဆို ကုန်ကျစရိတ်
ပိုများတတ်ပါတယ်''ဟု ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူ ဦးမျိုးသိန်းက
ပြောသည်။
















