မန္တလေးတက္ကသိုလ်နှင့် အိန္ဒိယရှိ တက္ကသိုလ်တို့ ပညာရေးပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးမည်

မန္တလေးတက္ကသိုလ်နှင့် အိန္ဒိယရှိ တက္ကသိုလ်တို့ ပညာရေးပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးမည်

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်းမှု နားလည်မှုစာချွန်လွှာ
ရေးထိုးရန်ရှိကြောင်း မန္တလေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာသီတာဝင်းက
မေ ၁၉ ရက်တွင်မန္တလေးတက္ကသိုလ်၌ ပြုလုပ်သော အိန္ဒိယနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ
သံအမတ်ကြီး Mr. Vikram Misri ၏ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ဆက်ဆံရေး၊
နိုင်ငံခြားရေးမူဝါဒအကြောင်း ဆွေးနွေးဟောပြောပွဲတွင် ပြောသည်။

''နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ကျွန်မတို့ နားလည်မှုစာချွန်လွှာ ရေးထိုး
ဆောင်ရွက်ထားပါတယ်။ အိန္ဒိယက တက္ကသိုလ်တွေနဲ့လည်း လက်မှတ်ရေးထိုး
ဆောင်ရွက်မယ့် အစီအစဉ်တွေ ရှိပါတယ်။ ကျွန်မတို့ ဂျာဝါဟာလာနေရူး
တက္ကသိုလ်နဲ့ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးဖို့ရှိပါတယ်'' ဟု ၄င်းက
ဆိုသည်။

မန္တလေးတက္ကသိုလ်တွင် အမ်ဘီအေ(စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲမှု မဟာဘွဲ့)
ကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးသိပ္ပံကျောင်းသား၊ ကျောင်းသူများအတွက်
ရက်တိုသင်တန်းများ၊ လေ့လာရေးခရီးစဉ်များဆောင်ရွက်ပေးသည့်အတွက်
အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်းလည်း ၄င်းကဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Vikram Misri ကလည်း မြန်မာနိုင်ငံ၏
ပညာရေးကဏ္ဍအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး
အဆိုပါနေ့ ဟောပြောပွဲတွင် သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား
ဆက်ဆံရေးသည် အရေးပါကြောင်း၊ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွင်း
ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အနေ
အထားများကို ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး