မန္တလေးခရိုင်တွင် ကျောင်းသား ၃၁၅ ဦးကို ဘောလုံးအခြေခံသင်တန်း ပေးမည်

မန္တလေးခရိုင်တွင် ကျောင်းသား ၃၁၅ ဦးကို ဘောလုံးအခြေခံသင်တန်း ပေးမည်

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် Youth Development Pilot Project အစီအစဉ်၏
ဘောလုံးအားကစား မြှင့်တင်ရေးစီမံကိန်းအဖြစ် ဇူလိုင်လထဲတွင် ကျောင်းသား ၃၁၅ ဦးကို
ဘောလုံးအခြေခံသင်တန်းပေးမည်ဖြစ်ကြောင်း တိုင်းဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ
ဒေါ်မေမြတ်နွယ်က ပြောသည်။

မြို့နယ်တစ်မြို့နယ်လျှင် အသက် ၁ဝ နှစ်နှင့် ၁၄ နှစ်ကြားရှိ ကျောင်းသား ၄၅ ဦးကို
ရွေးချယ်ကာ မြို့နယ်အလိုက်အားကစားကွင်းများတွင် တစ်ပတ်လျှင်သုံးရက်နှုန်းဖြင့်
သုံးလသင်တန်းပေးသွားမည်ဖြစ်သည်။

''မြို့နယ်တစ်မြို့နယ်စီမှာရှိတဲ့ကျောင်းတွေထဲက ဘောလုံးအားကစားကို အမှန်တကယ်
ခုံမင်နှစ်သက်တဲ့ ကလေး ၃၁၅ ယောက်ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေနဲ့
မြို့နယ်အားကစားဌာနကနေ ရွေးချယ်ပေးမှာပါ။ ကျောင်းတစ်ကျောင်းချင်းစီက
ကျောင်းသားတွေ အချိုးကျပါဝင်နိုင်အောင် ကြိုးစားသွားမှာပါ'' ဟု ဒေါ်မေမြတ်နွယ်က
ပြောသည်။

သင်တန်းကာလ သုံးလအတွင်း၌ဘောလုံးအခြေခံသင်တန်းပေးခြင်းအပြင်မြို့နယ်အလိုက်
ပြိုင်ပွဲများကို အိမ်ကွင်းအဝေးကွင်း ပုံစံဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

''သင်တန်းပြီးသွားရင်လည်း ပြိုင်ပွဲတစ်ခု ထပ်လုပ်ပေးပါ့မယ်။ အဲဒီပြိုင်ပွဲကနေ
တကယ်ဝါသနာပါ၊ တကယ်ထူးချွန်ပြီး စည်းကမ်းလိုက်နာတဲ့ ကလေးအနည်းဆုံး
၃ဝ လောက်ကို ရွေးချယ်ပြီး ထပ်မံပြုစုပျိုးထောင်ပေးသွားမှာပါ''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး