လက်ဖက်ကို နိုင်ငံတကာ ပို့ကုန်ဖြစ်အောင် ဂျပန်နည်းပညာဖြင့် ဆောင်ရွက်

လက်ဖက်ကို နိုင်ငံတကာ ပို့ကုန်ဖြစ်အောင် ဂျပန်နည်းပညာဖြင့် ဆောင်ရွက်

လက်ဖက်ကို နိုင်ငံတကာပို့ကုန်ဖြစ်အောင် ဂျပန်နည်းပညာဖြင့်သိုလှောင်ထုပ်ပိုးမှုများ
လုပ်ဆောင်ထားကြောင်း မြန်မာနိုင်ငံလက်ဖက်အစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုစိန်က
မေ ၂ဝ ရက်က ပြောသည်။

''ဂျပန်နည်းပညာနဲ့ လုပ်ဆောင်ပြီးပါပြီ။ ဂျပန်မှာ လက်ဖက်ကိုစစ်ဆေးမှုတွေလုပ်ဆောင်တော့
လက်ဖက်က တစ်နှစ်ကျော်အထိ ထားနိုင်တာ တွေ့ရတယ်။ မှိုတွေ၊ ဘက်တီးရီးယားတွေ
ကင်းစင်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက် လက်ဖက်ကို နိုင်ငံတကာ
ပို့ကုန်ဖြစ်အောင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ'' ဟု၄င်းက ပြောသည်။

ခေတ်မီနည်းပညာများဖြင့် ထုတ်ပိုးမှုများ လုပ်ဆောင်ထားကာ နိုင်ငံတကာစျေးကွက်သို့
ပို့ဆောင် ရောင်းချသွားမည်ဖြစ်ကြောင်း ဒေါ်ညိုညိုစိန်က ပြောကြားသည်။

''အားလုံး ခေတ်မီနည်းပညာတွေနဲ့ လုပ်ဆောင်ထားပါတယ်။ လက်ဖက်ထားနိုင်တဲ့အချိန်ကို ၁၅
လအထိ မျှော်မှန်းထားတာပါ။အခုတော့ ၁၈ လ လောက်အထိ ပိုးတွေကင်းစင်နေတာကို
တွေ့ရပါတယ်။ ဂျပန်ကိုရောင်းချနိုင်ရင် တစ်ကမ္ဘာလုံးကို ရောင်းချနိုင်ပါပြီ''ဟု ၄င်းက
ပြောသည်။

စိုက်ပျိုးနည်းစနစ်များကိုလည်း ခေတ်မီနည်းပညာဖြင့် ပြောင်းလဲစိုက်ပျိုးလျှင်နိုင်ငံ၏
စီးပွားရေးလည်း တိုးတက်မည်ဖြစ်ကြောင်း ဒေါ်ညိုညိုစိန်က ပြောသည်။

''လက်ဖက်ကနေ ပြည်ပဝင်ငွေတွေရရင် နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်ပြီးတော့
လူနေမှုဘဝတွေ ပြောင်းလဲသွားမှာပါ'' ဟု ၄င်းက ပြောသည်။

''မြန်မာ့လက်ဖက်ကိုလည်း နိုင်ငံတကာကနေ လက်ခံမှုတွေ ရှိနေပါပြီ။ ပို့ကုန်မြှင့်တင်ခြင်းက
တစ်ဆင့် နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့
သစ်သီးဝလံတင်ပို့မှုတွေ တစ်နှစ်ထက်တစ်နှစ် တိုးနေပါတယ်'' ဟု မေ ၂ဝ ရက်က သရက်နဲ့
လက်ဖက်ပြပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဦးအောင်ထူးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး