လွိုင်ကော်မြို့ အားကစားကွင်းတွင် မေလ ၂၄ ရက်ည ရ နာရီခွဲအချိန်ခန့်က
တိုင်းရင်းသားပေါင်းစုံ ၅၁၅၂ ဦး၏ ဗုဒ္ဓ သြဝါဒခံယူပွဲအထိမ်းအမှတ် မီးပုံးပျံအလုံး
၇၀၀ လွင့်တင်ခဲ့သည်။
မိုးကုတ် ညောင်သုံးပင်ဆရာတော်က စစ်ကိုင်းတိုင်း လင်းရင်ပွဲမှာလွတ်တာကို
မြင်ပြီးတော့ ဒီပွဲမှာလည်း လွှတ်တင်ချင်တယ်။ ဒါ့ကြောင့် မီးပုံပျံတွေကို ထိုင်းနိုင်ငံက
လာပြီးတော့ ပါ၀င်ကူညီကုသိုလ်ယူ တာပါ ဟု ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းမှ
စကားပြန် မသီတာလွင်က ပြောသည်။ အဆိုပါမီးပုံးပျံလွှတ်တင်ပွဲသို့ လွိုင်ကော်မြို့
ဒေသခံအများအပြားပါ၀င်ခဲ့ပြီး မီးပုံးပျံများကို သုံးကြိမ်ခွဲကာ
တစ်ပြိုင်တည်းလွှတ်တင်ခဲ့သည်။
ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းသည် ၂၀၁၄ ခုနှစ်က ထားဝယ်မြို့တွင် မီးပုံးပျံ
အလုံးတစ်သောင်း၊ ၂၀၁၇ ခုနှစ် စစ်ကိုင်းတိုင်း လင်းရင်ရွာတွင် အလုံး ခြောက်ထောင်၊
ယခုလွိုင်ကော်မြို့တွင် အလုံး ရ၀၀ ကူညီခဲ့ပြီဖြစ်ကြောင်း မသီတာလွင်က က ပြောသည်။
မြန်မာနိုင်ငံဘက်က အကူအညီတောင်းခံလာပါက ကူညီရန် အမြဲတမ်းအဆင်သင့်
ရှိကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။
















