နိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲ၂ဝ၁၇ ကျင်းပမည်

နိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲ၂ဝ၁၇ ကျင်းပမည်

မန္တလေးစက်မှုဇုန်၊ကနောင်ခန်းမတွင် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ နှင့်
ငွေပင်လယ်မီဒီယာတို့ပူးပေါင်းကာ နိုင်ငံတကာစက်ပစည်းနှင့် စက်မှုလုပ်ငန်းပြပွဲ၂ဝ၁၇
ကို မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''၁၉၉၆ ခုနှစ်ဆင်ဖြူကန်ကွင်းပြပွဲနောက်ပိုင်း မန္တလေးမှာ ဒီလိုပြပွဲတစ်ခါမှ
မလုပ်ဖြစ်ဘူး။ ဒါက ပထမဆုံးပြန်လုပ်တဲ့ပွဲပါ။ ဒီပွဲက စျေးရောင်းပွဲတော်ပုံစံမျိုးမဟုတ်ဘူး။
နည်းပညာဆိုင်ရာ ပြပွဲပုံစံမျိုးပါ။ အဓိကရည်ရွယ်ချက်ကတော့ စက်မှုဇုန်မှာရှိတဲ့
လုပ်ငန်းရှင်တွေ ကိုနည်းပညာနဲ့ ပတ်သက်တာတွေ၊ စက်ပစ္စည်းနဲ့ပတ်သက်တာတွေ
ရင်းနှီးအောင်ပါ''ဟုမန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး(၁)
ဦးရဲဝင်းအောင်က မေလ ၂၁ ရက်နေ့က ပြောသည်။

အဆိုပါပြပွဲတွင် ဂျာမနီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ တရုတ်၊ ထိုင်ဝမ်၊ စကာင်္ပူ၊
ထိုင်းနိုင်ငံတို့မှ စက်ပစ္စည်းများနှင့် မန္တလေးစက်မှုဇုန်ထုတ်ပစည်းများကိုပြသသွားမည်ဖြစ်သည်။

''ပြခန်းက ရ၆ ခန်းပါမယ်။ ပြည်တွင်းလုပ်ငန်းရှင် ၃ဝ ကျော်နဲ့ နိုင်ငံခြားကုမ္ပဏီ ၄ဝ ကျော်က
ပါဝင်ပြသမှာပါ''ဟု ငွေပင်လယ်မီဒီယာမှ ပြပွဲစီစဉ်သူ ဦးဇာနည်တင်မြင့်က ပြောသည်။

မန္တလေးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စက်မှုသင်တန်း ကျောင်းများ၊ နည်းပညာ
တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ၊ အထက်မြန်မာပြည်ရှိ စက်မှုဇုန်များမှ
လုပ်ငန်းရှင်များကို လာရောက်လေ့လာရန် ဖိတ်ကြားထားကြောင်း ဦးရဲဝင်းအောင်က
ပြောသည်။

နိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲအပြင် ပြည်တွင်းထုတ်ကုန်ပစ္စည်း
ပြိုင်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းပြိုင်ပွဲ၊ လျှပ်စစ်နှင့် အီလက်ထရော
နစ်ပြိုင်ပွဲ၊ မော်တော်ယာဉ်အပိုပစ္စည်းပြိုင်ပွဲ၊ စားသောက်ကုန်ပြိုင်ပွဲ၊ လူသုံးကုန်
ပြိုင်ပွဲဟူရွေ့ ပြိုင်ပွဲအမျိုးအစား လေးမျိုးရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

''ဝင်ပြိုင်တဲ့ပစ္စည်းက ပြည်တွင်းထုတ်ဖြစ်ရမယ်။ ရာနှုန်းပြည့်နိုင်ငံသားပိုင်ဖြစ်ရမယ်။
တည်ဆဲဥပဒေနဲ့အညီထုတ်လုပ်တာဖြစ်ရမယ်။ ပြည်ပနည်းပညာအထောက်အပံ့နဲ့
မှိငြမ်းမှုရှိရင်လည်း ဘာကြောင့်ယူရတယ်ဆိုတာ တင်ပြရပါ့မယ်။ ပြိုင်ပွဲကျင်းပရေး
ကော်မတီက စစ်ဆေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုပေးသွားမှာပါ''ဟု ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး