သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် 'စစ်ကိုင်း စိမ်းလန်း' အဖွဲ့ စတင်ဖွဲ့စည်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် 'စစ်ကိုင်း စိမ်းလန်း' အဖွဲ့ စတင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရိပ်ရအပင်များစိုက်ပျိုးရေး နှင့် သဘာဝပတ်ဝန်းကျင်
ကာကွယ်စောင့်ရှောက်ရေးတို့အတွက် 'စစ်ကိုင်းစိမ်းလန်း' အမည်ရှိ သဘာဝပတ်ဝန်းကျင်
စောင့်ရှောက်ရေးအဖွဲ့ကို ယခုလ ၂ဝ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းမြို့တော်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။

'စိမ်းလန်းပြင်ဦးလွင်' အဖွဲ့ ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများကြောင်း ယခုကဲ့သို့
'စစ်ကိုင်းစိမ်းလန်း' အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းဖြစ်ပြီး၊ ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်
ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ဆိုသည်။

'' စိမ်းလန်းပြင်ဦးလွင် အဖွဲ့ လုပ်နေတဲ့ လုပ်ရပ်တွေကို သဘောကျလို့ အခု
စစ်ကိုင်းစိမ်းလန်းဆိုပြီးဖွဲ့ကြတယ်။စစ်ကိုင်းမှာက တက္ကသိုလ်ကြီးငါးခုရှိတယ်။
ဖွင့်တာမကြာကြသေးဘူးဆိုတော့ အရိပ်ရအပင် တွေနည်းနေတယ်။အဲ့ဒီတက္ကသိုလ်
တွေထဲမှာ အရိပ်ရအပင်တွေစိုက်မယ်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းအင်
ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှာ ကျောင်းအုပ်ကြီးရဲ့ တောင်းဆိုချက်အရ အရိပ်ရ အပင်တွေ
အပြင် ကျွန်းပင်တွေကိုပါ စိုက်ပျိုးသွားမယ်။ စစ်ကိုင်းမြို့ပေါ်မှာကို လမ်းတွေကချဲ့တဲ့အတွက်
အရိပ်ကသစ်ပင်တွေ တော်တော်များများ ခုတ်လိုက်ရတယ်။အဲ့နေရာမှာ အရိပ်ရအပင်တွေ
စိုက်မယ်ဆိုပြီး တိုင်းဒေသကြီးစည်ပင်သာယာနဲ့ ညှိနှိုင်းထားတာရှိပါတယ်။ကိုယ်ဒေသနဲ့
ကိုက်ညီတဲ့ အပင်တွေကို စိုက်ပျိုးသွားမယ်။စစ်ကိုင်းကျေးရွာတွေမှာ သစ်တောတွေပြုန်းတီး
တာတွေရှိတယ်။ ဒေသခံတွေအနေနဲ့ ပြန် စိုက်ဖို့အတွက်လည်း မတတ်နိုင်ကြတော့
အဲ့လို နေရာဒေသတွေကို သွားရောက်စိုက်ပျိုးမယ်။သစ်တော ထိမ်းသိမ်းတဲ့
နည်းစနစ်တွေကို ပညာရှင်တွေနဲ့ ပညာပေးဖို့ရှိပါတယ်၊ စစ်ကိုင်း စိမ်းလန်း အဖွဲ့က
စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရဲ့ အောက်က ကော်မတီတစ်ရပ်အနေနဲ့
လုပ်ဆောင်သွားမှာပါ '' ဟု ဦးဇော်ဝင်းအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

စစ်ကိုင်းစိမ်းလန်း အဖွဲ့ ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆေင်ရွက်နိုင်ရန်
အတွက် သစ်တောကျောင်းအုပ်ကြီး(ငြိမ်း) တစ်ဦးဖြစ်သည့် ဦးမြ မှ ဦးဆောင်ကာ
လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကိုင်း မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လပတ်အစည်း
အဝေးများတွင် အသင်းအဖွဲ့ပုံစံမျိုးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု နည်းစနစ် မှန်ကန်စေ ရန် ပညာရှင် များဖိတ်ခေါ်၍
အဖွဲ့ဝင်များကို သင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး