အင်းဝရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထားခဲ့သော ဘုရားဝင်းအတွင်းမှ
ဆင်းတုတော် သုံးဆူမှာ ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းက ခေါင်းဖြတ်ခိုးယူခံခဲ့ရသည်။
အင်းဝနယ်မြေ ဟံသာဝတီကျေးရွာ အုပ်စုအတွင်းရှိ မဟာမုနိဘုရားအတွင်းမှ ဉာဏ်တော်အမြင့်
ငါးပေခန့်ရှိ ဆင်းတုတော်သုံးဆူမှာ အဆိုပါနေ့ ည ၈ နာရီခွဲခန့်က ခေါင်းဖြတ်ခိုးယူခံခဲ့ရ ကြောင်း၊
သုံးဆူအနက် တစ်ဆူ၏ ဦးခေါင်းတော်မှာ ဘုရားအနီး တောင်တွင်းကြီးကျောင်းတိုက်အတွင်း ကျ
ကျန်နေခဲ့ကြကြောင်းသိရသည်။
ဘုရားဆင်းတုတော်များ ခိုးယူခံရမှုကို တံတားဦးမြို့ ရဲစခန်းမှ (ပ)၁၆၅/၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ နှင့် သာသနာရေးဆိုင်ရာ ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးသွားမည်
ဖြစ်ကြောင်း သိရသည်။
"တရားခံပြေးတဲ့ လမ်းကြောင်းအရ ဘုန်းကြီးကျောင်းဝင်းထဲကနေ ဖြတ်သွားပါတယ်။ ဘုရားဆင်းတု
တော်ခေါင်း တစ်ခုနဲ့ သက်သေခံပစ္စည်းတွေကို ဒီကျောင်းဝင်းထဲက တွေ့ရှိထားပါတယ်"ဟု ရဲအုပ်
သန်းလွင်က ပြောသည်။
အင်းဝယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားများကို ယခင်ကလည်း ခေါင်းဖြတ်ခိုးယူခံရခြင်းများ ရှိခဲ့
ကြောင်း ရွာသူ ရွာသားများက ပြောသည်။
















