ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ရောဂါကင်းစင်နယ်မြေအဖြစ် ကြေညာ

ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ရောဂါကင်းစင်နယ်မြေအဖြစ် ကြေညာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ရောဂါ စစ်ဆေးမှုများ
ပြုလုပ်ခဲ့ရာတွင် သတ်မှတ်ထားသည့် အချက်များနှင့်ကိုက်ညီသဖြင့် ဆင်ခြေထောက်
ရောဂါ ကင်းစင်နယ်မြေအဖြစ် မေလ နောက်ဆုံးပတ်က ထုတ်ပြန်ကြေညာလိုက်ကြောင်း
ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ
ကာကွယ်နှိမ်နှင်းရေးဌာန (ရ.ပ.က.န) မှ မန္တလေးတိုင်း ဆရာဝန်ကြီးဒေါက်တာတင့်ဝေက
မေလနောက်ဆုံးရက်သတ္တပတ်က ပြောသည်။

''ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ရောဂါ ကင်းစင်တဲ့နယ်မြေအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ
ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီလိုကြေညာနိုင်ဖို့အတွက်လည်း လိုအပ်တဲ့စစ်ဆေးမှု၊
အချိန်ယူမှုတွေ လုပ်ခဲ့ပါတယ်။ အခုဆိုရင် ညောင်ဦးမြို့နယ်က ဆင်ခြေထောက်ရောဂါ
ကင်းစင်တဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တစ်ခုဖြစ်လာပါပြီ'' ဟု ဒေါက်တာတင့်ဝေက
ပြောသည်။

ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ရောဂါကင်းစင်နယ်မြေအဖြစ် မေ ၂၂ နှင့်၂၃ ရက်က
နေပြည်တော်တွင် ပြုလုပ်သည့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး၊ သန်ချဆေး၊
တိုက်ကျွေးခြင်းနှင့် လုပ်ငန်းအောင်မြင်မှု ဆန်းစစ်ဆွေးနွေးပွဲတွင် ယခုကဲ့သို့
ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ညောင်ဦးမြို့နယ်ကို ဆင်ခြေထောက်ကင်းစင်နယ်မြေ ဖြစ်လာရန်အတွက် ၂ဝ၁၁ ခုနှစ်မှ
၂ဝ၁၆ ခုနှစ်အထိ ကာကွယ်ဆေး ငါးကြိမ်မှ ခြောက်ကြိမ်ထိ တိုက်ကျွေးခဲ့ကြောင်း၊
၂ဝ၁၆ ခုနှစ်၊ မတ်လတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သတ်မှတ်ထားသည့်
အချက်အလက်များနှင့် ပြည့်စုံပြီဖြစ်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး