ပညာရေးစနစ် ကွာဟမည် စိုးရိမ်၍ ကျေးရွာမှ မြို့ပေါ်ကျောင်းများသို့ ကျောင်းသားပြောင်းရွှေ့မှု မြင့်တက်

ပညာရေးစနစ် ကွာဟမည် စိုးရိမ်၍ ကျေးရွာမှ မြို့ပေါ်ကျောင်းများသို့ ကျောင်းသားပြောင်းရွှေ့မှု မြင့်တက်

မကွေးတိုင်းအနောက်ခြမ်း ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်
ကျောင်းသား ၀င်ဆန့်အင်အားထက် ကျော်လွန်အပ်နှံမှုများကြောင့် အခြားဒေသများမှ ကျောင်းသားများ
အပ်နှံမှုကို ရပ်ဆိုင်းထားသည်ဟု ငဖဲမြို့နယ်ပညာရေးမှုးက မေ ၃၀ ရက်နေ့က ပြောသည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာသည် ပုသိမ်-မုံရွာကားလမ်းမနှင့် မကွေး-အမ်းကားလမ်းမဆုံရာတွင်
တည်ရှိ၍ စည်းပွားရေး တိုးတက်ကောင်းမွန်သော တောင်ခြေကျေးရွာဖြစ်ပြီး ငဖဲမြို့နယ်၏
ဒုတိယမြောက် အခြေခံပညာအထက်တန်းကျောင်း တည်ရှိရာ ကျေးရွာတစ်ခုဖြစ်သည်။

မကွေးတိုင်းဒေသကြီး အနောက်ခြမ်း တောင်ပေါ်ကျေးရွာများမှ ကျောင်းသားမိဘများသည်
၄င်းတို့ ကလေးများ၏ ပညာရေးအတွက် ကျေးရွာတွင် ဖွင့်လှစ်ထားသော ကျောင်းများအပေါ်
ယုံကြည်မှု လျော့နည်းလာပြီး မြို့ပေါ်ကျောင်းများသို့ ရွှေ့ပြောင်းအပ်နှံမှုများ မြင့်တက်လာခြင်း
ဖြစ်သည်ဟု ဒေသခံကျောင်းသားမိဘများမှ ဆိုသည်။

“ပညာရေးစနစ်က အစိုးရစစ်ဆိုတော့ ရှစ်တန်းအတွက်ကို မိဘတွေက စိုးရိမ်ကြတယ်၊ အဲဒီတော့
မြို့ပေါ်ကျောင်းတွေမှာ ပိုတတ်ကြတယ်ဆိုတဲ့ အစွဲနဲ့ မြို့ပေါ်ကို ပြောင်းထားကြတယ်”ဟု ငဖဲမြို့နယ်
တောင်ပေါ်ကျေးရွာ တစ်ခုဖြစ်သည့် ဒေသခံလူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့်
ရိုးမလူငယ်အလင်းတန်းမှ ဦးရန်နောင်ထွန်းက ပြောသည်။

လက်ရှိတွင် စာသင်ခန်း သုံးဆယ်ရှိသည့် ပဒါန်းကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသားပေါင်း
နှစ်ထောင့်ခုနှစ်ဦး ကျောင်းအပ်နှံမှု လက်ခံထားရှိပြီး ယမန်နှစ်က ကျောင်းသားပေါင်း နှစ်ထောင့်တစ်ရာ့
ရှစ်ဆယ်ခန့် လက်ခံထားရှိခဲ့ကြောင်း ငဖဲမြို့နယ်ပညာရေးမှုးရုံး၏ စာရင်းများအရ သိရသည်။

ငဖဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာအေးချိုမှ “ကျွန်မတို့ကတော့ ၀င်ဆံ့အင်အားပဲ လက်ခံပါတယ်၊
ကျောင်းဖွင့်ခွင့်တွေ နိုင်ငံတော်က ဒီလောက်ချထားပေးတာ၊ ကိုယ့်ကျောင်းနယ်မြေအလိုက်ပဲ
ထားကြပါလို့ မိဘတွေကို မေတ္တာရပ်ခံထားရပါတယ်၊ သူတို့ဆီမှာ ကျောင်းမရှိတာ မဟုတ်ဘူး၊
ပဒါန်းက ဘော်ဒါတွေဝိုင်းတွေက ကြိုတင်လက်ခံထားလို့ ဒီပြသနာပေါ်တာပါ၊ ကိုယ့်နယ်မြေအလိုက်
သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းသာလိုက်နာရင် အဲဒီပြသနာမပေါ်ဘူး”ဟု ပြောသည်။

တောင်ပေါ်ကျေးရွာများမှ ကျောင်းသားများသည် ငါးတန်းမှ စတင်၍ ပဒါန်းကျေးရွာ
အခြေခံပညာအထက်တန်းကျောင်းတွင် ပြောင်းရွှေ့ကျောင်းအပ်နှံလျက်ပြီး ဒေသတွင်း ကျောင်းများတွင်
ကျောင်းအပ်နှံမှုများ လျော့နည်းလာသည်ဟု ဂုတ်ကြီးကျေးရွာဒေသခံများမှပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး