ရေနံလက်ယက်တွင်း ရန်ပုံငွေ သိန်းတစ်သောင်း ရရှိပြီးဖြစ်

ရေနံလက်ယက်တွင်း ရန်ပုံငွေ သိန်းတစ်သောင်း ရရှိပြီးဖြစ်

မကွေးတိုင်းဒေသကြီးတွင် ယခင် အစိုးရလက်ထက်က ကောက်ခံခဲ့သည့် ရေနံ လက်ယက်တွင်း
ရန်ပုံငွေကျပ် ရ ဒသမ ၄၅၉ ဘီလျံအနက် ကျပ်တစ်သောင်းကို ပြန်လည်ရရှိပြီးဖြစ်သည်ဟု
တိုင်းဒေသကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က
ယမန်နေ့တွင် ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ကောက်ခံခဲ့သည့် ရေနံလက်ယက် တွင်းရန်ပုံငွေကို ပြန်လည်လွှဲပြောင်း
ပေးရန် သမ္မတရုံးက ဧပြီလအတွင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာ ငွေကျပ် ၁ ဒသမ ရ ဘီလျံကို
ဇူလိုင်လနောက်ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီးအစိုးရထံ လွှဲပြောင်းပေးမည်ဟု မကွေးတိုင်းဒေသကြီး
၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဦးဘုန်းမော်ရွှေက ဧပြီ ၂၇ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး