ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ အသင်းအဖွဲ့ ၂ဝ ကျော် စုပေါင်းကာ စက်ဘီးစီး

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ အသင်းအဖွဲ့ ၂ဝ ကျော် စုပေါင်းကာ စက်ဘီးစီး

 

ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်
ပြင်ဦးလွင်မြို့ရှိ အရပ်ဘက် အဖွဲ့အစည်း လူမှုရေးအသင်းအဖွဲ့ ၂ဝ ကျော်နှင့် မြို့နေလူထုပူးပေါင်းကာ
ကာဗွန်လျှော့ချရေး လူထုအမြင်ပွင့်စေရန်အတွက် မြို့လုံးပတ် စက်ဘီးစီးခြင်းနှင့်အတူ လူစည်ကား
သည့်နေရာများတွင် စတေကာ ကမ်ပိန်းများ လုပ်ဆောင်ခဲ့ကြောင်း ပြင်ဦးလွင်မြို့ရှိ အရပ်ဘက်
အဖွဲ့အစည်းဝင်များက ပြောသည်။

''သွေးလှူရှင်အဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေ အားလုံး စုပေါင်းပြီး လုပ်ဆောင်ကြ တယ်။
အစိုးရအဖွဲ့ဘက်က ပါဝင်တာတော့ နည်းတယ်။ ယာဉ်ထိန်းရဲတွေ၊ လုံခြံုရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ
ပူးပေါင်းပါဝင်ကြတယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မှာ ရာသီဥတုက အလွန်ကို ဆိုးရွားနေပြီ။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း အတော်များလာတယ်။ ဟိုးအရင်က ပြင်ဦးလွင်နဲ့
လုံးဝ မတူတော့ဘူး။ ဒါကြောင့်မို့ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့မှာ ကာဗွန်လျှော့ချဖို့အတွက်
မြို့နေလူထုအမြင်ဖွင့်တဲ့အနေနဲ့စက်ဘီးစီးရခြင်းဖြစ်ပါတယ်'' ဟု စိမ်းလန်းပြင်ဦးလွင်
သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်သန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

အရပ်ဘက်အဖွဲ့အစည်း ၂ဝ ကျော်မှအဖွဲ့ဝင်များ၊ မြို့နေလူထုနှင့် အချို့သော အစိုးရအဖွဲ့ဝင်များ
စုစည်းကာ စုစုပေါင်းအင်အား ၂ဝဝ နီးပါး စက်ဘီးစီးကာ မြို့လူထုကို အမြင်ဖွင့်လှုပ်ရှားမှု
လုပ်ဆောင်ခဲ့ကြသည်။

စက်ဘီးများဖြင့် မြို့တော်ခန်းမမှ စတင်ထွက်ခွာခဲ့ပြီး ဒေလီယာအဝိုင်းပတ် ကန်တော်ကြီးလမ်းမှ
မြို့ရှောင်လမ်း၊ ချယ်ရီလမ်း၊ပုန်းညက်လမ်းတို့မှ ပြင်ဦးလွင် Ÿ လားရှိုးလမ်းမှ မြို့တော်ခန်းမတွင်
ပြန်လည် အဆုံးသတ်ခဲ့ကြပြီး စက်ဘီးစီးနင်းရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းလည်း ပါဝင်ခဲ့သည်။

''ကာဗွန်လျှော့ချဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းဖို့အတွက် စက်ဘီးစီးနင်းတာဖြစ်သလို ကျန်းမာရေး
အတွက်လည်း ကောင်းမွန်ဖို့အပါအဝင်ပါပဲ။ ယာဉ်အန္တရာယ်လည်းကင်းရှင်းသွားမယ်။
ဒေသခံတွေကလည်း အားတက်သရော ရှိကြတယ်။ စတေကာကမ်ပိန်းတွေကို လူစည်ကားတဲ့
ပြင်ဦးလွင်စျေးလေးအဝိုင်းနဲ့ နာရီစင်မှာ ပြုလုပ်ကြတယ်'' ဟု ဦးအောင်မင်းက
မြန်မာတိုင်း(မ်)ကိုပြောသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းသိမ်းနိုင်ရေးအတွက်ပြည်သူလူထု
အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် ၄င်းနေ့တွင် ပြင်ဦးလွင်မြို့တော်ခန်းမ၌ ဆရာမြင့်ဇော်၊
ဆရာညီပုလေး၊ ဆရာဇော်မြင့်မောင်နှင့် ဆရာသက်နိုင်ဝင်းတို့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အသိပညာ ဗဟုသုတစာပေများ ဟောပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး