ကိုမောက်ကန် ရှုမျှော်ခင်းကြည့်နေရာ မြေသားပြိုကျမှု ကာကွယ်ရန် မြက်စိုက််မည်

ကိုမောက်ကန် ရှုမျှော်ခင်းကြည့်နေရာ မြေသားပြိုကျမှု ကာကွယ်ရန် မြက်စိုက််မည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းရှိ ကိုမောက်ကန် ရှုမျှော်ခင်းကြည့် ကန်ပေါင်နေရာမှာ
ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီးကြောင်းများဖြစ်ပေါ်ခဲ့ရာမှ
ကန်ပေါင် မြေသားများ အနည်းငယ် ပဲ့ကျမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြက်စိုက်ပြီး ရေစီးကြောင်း
ဖြစ်ပေါ်မှုများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး
ဦးစိုးတင့်က ယခုလ ၅ ရက်က ပြောသည်။

''ပြီးခဲ့တဲ့ နှစ်ရက်လောက်က မိုးရွာသွားတာကြောင့် ရှုမျှော်ခင်းကြည့်ရှုတဲ့နေရာဖြစ်တဲ့
ကိုမောက်ကန် ကန်ပေါင် ပျက်စီးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ကန်ပေါင်ရဲ့ အချို့နေရာမှာ
ရေစီးကြောင်းလေးတွေ ဖြစ်ပေါ်ခဲ့ပြီး နေရာအနည်းငယ်လောက်မှာ မြေသားပြိုသွားတာလောက်
ဖြစ်တာပါ။ အရမ်း ဆိုးဆိုးဝါးဝါးဖြစ်တာမျိုး မဟုတ်ပါဘူး'' ဟု ဦးစိုးတင့်က ပြောသည်။

မိုးရွာသွန်းမှုကြောင့် ကိုမောက်ကန် ရှုမျှော်ခင်း ကြည့်ရှုရန်နေရာ၏ ကန်ပေါင်များပျက်စီးမှုများကို
ပြင်ဆင်ခြင်းနှင့် ရေစီးကြောင်း ဖြစ်ပေါ်မှုမှ ကာကွယ်နိုင်ရန်အတွက် 'မြက်' စိုက်ခြင်းကို
ယခုလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ဒီရက်ပိုင်းထဲမှာ ကိုမောက်ကန် ကန်ပေါင်ကို နုံးတင်တာမျိုးတွေ ထပ်လုပ်ဆောင်မယ်။
ပြီးပြီဆိုတာနဲ့ အဲဒီပေါ်ကနေ မြက်ထပ်စိုက်မယ်။ မြက်စိုက်ပြီးရင်တော့ ရေစီးကြောင်းဖြစ်တာမျိုးတွေ
လျော့နည်းသွားမှာပါ။ ခရီးသွားတွေ ဘုရားပေါ်တက်ပြီး ရှုမျှော်ခင်းကြည့်ရှုတာမျိုးကို လျှော့ချလိုတဲ့
အတွက်ကြောင့် မြက်မစိုက်ရသေးခင်မှာပဲ ဖွင့်ပေးလိုက်တာပါ။ အရင်တုန်းက ကိုမောက်ကန်ကို
စတင်လုပ်ကတည်းက မြက်စိုက်ဖို့ လုပ်ထားတာပါ။ ဒါပေမဲ့ ဖေဖော်ဝါရီလထဲက မိုးကမရွာတော့
'မြက်' စိုက်ဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့တာပါ။ ဒါကြောင့် အခုလို မိုးသဲသဲမဲမဲရွာတော့
ကန်ပေါင်ပဲ့တာမျိုးတွေ ဖြစ်သွားတာပါ'' ဟု ဦးစိုးတင့်က ပြောသည်။

လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း၌ တည်ဆောက်နေသည့် စူဠာမဏိကန်ပေါင်
ရှုမျှော်ခင်းကြည့်နေရာမှာ ရ၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ညောင်လက်တစ်ဖက်
ကန်ပေါင်တည်ဆောက်ရေးလုပ်ငန်းမှာလည်း ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၄င်းက
ပြောသည်။

ကိုမောက်ကန် ရှုမျှော်ခင်းကြည့် နေရာကို မြေသားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ကိုမောက်ကန်မှာ
အနောက်မိဖုရား ဖွားစောကျေးရွာအနီးတွင်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က စတင်
ဖွင့်လှစ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး