မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်ပုံတူကြေးရုပ် ဖွင့်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်မည်

မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်ပုံတူကြေးရုပ် ဖွင့်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်မည်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးဗိုလ်ချုပ်
ပုံတူကြေးရုပ် ဖွင့်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

"ရည်ရွယ်တာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မှာ ဖွင့်ဖို့ပါ။ဒါပေမယ့်လူကြီးတွေ
အလုပ်များနေမှာစိုးလို့ နှစ်ရက်ကြိုဖွင့်လိုက်တာပါ။ ဖွင့်ပွဲမှာ တက်ရောက်ပေးဖို့ နိုင်ငံတော်အကြီးအကဲ
အားလုံးကို ဖိတ်ထားပါတယ်"ဟု ၄င်းက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ အထိမ်းအမှတ်ကို ဇွန်လ ၁၇ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး
ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်းပွဲ၊
မြို့မတူရိယာအသင်းနှင့် အငြိမ်းခန်း၊ ပွဲတိုင်းကျော်ဇာတ်အဖွဲ့တို့၏ ကပြဖျော်ဖြေမှုများလည်း
ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး
၁၉၄၇ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်းမှ ဗိုလ်ချုပ်၏ အသွင်အပြင်
မျက်နှာပုံပန်းသဏ္ဍာန်ကို ယူထားသည်။

အဆိုပါကြေးရုပ်ကို မန္တလေးမြို့ တမ်ပဝတီရပ်ကွက်ရှိ မြန်မာ့ရိုးရာကြေးသွန်းပညာရှင် ဦးဝင်းမောင်၏
သမီး ဒေါ်ညွှန့်ညွှန့်ဝင်း ကြေးသွန်းပန်းတည်းလုပ်ငန်းတွင် သွန်းလုပ်ခဲ့သည်။

ကြေးပိသာချိန် ၁၈ဝဝ အသုံးပြု သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့တွင်
ကြေးရုပ်သွန်းလုပ်ခြင်းလုပ်ငန်းများ စတင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် အပြီးသတ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး