ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင်မဖွယ်မရာ အပြုအမူများကို အရေးယူမည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင်မဖွယ်မရာ အပြုအမူများကို အရေးယူမည်

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိဘုရားများ၊ ဘုရားဝန်းကျင်နေရာများတွင် အများပြည်သူ
ကြည့်ရှုရန် မသင့်လျော်သည့် အဂါရဝအပြုအမူများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရှေးဟောင်း
သုနေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းကယခုလ
၉ ရက်နေ့တွင် ပြောသည်။

''ရှေးဟောင်းနယ်မြေအတွင်းမှာ မဖွယ်မရာ ဖြစ်ရပ်တွေ ပြုလုပ်လာတာတွေ ရှိလာတယ်။ အရင်ကလည်း
ရှိတယ်။ အခုလည်းရှိနေတယ်။ အခု အဂါရဝ ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့၊ အရေးယူဖို့ ဆောင်ရွက်တော့မယ်''
ဟု ဦးမြင့်သန်းက ပြောသည်။

အဆိုပါ အဂါရဝဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးထံ တင်ပြ
ထားကြောင်းနှင့် မကြာမီတွင် အဂါရဝ ဖြစ်စဉ်များကို အရေးယူခြင်းများပြုလုပ်နိုင်ဖွယ်ရှိကြောင်း
ရှေးဟောင်း သုတေသန တာဝန်ရှိသူများက ပြောသည်။

''အခုအချိန်မှာ အဂါရဝဖြစ်စေတဲ့ ဖြစ်ရပ်တွေကို ရှေးဟောင်းဥပဒေနဲ့ အရေးယူလို့မရဘူး။ အုပ်ချုပ်ရေး
ပိုင်းကိုပဲ ဘယ်လိုပုံစံနဲ့အရေးယူနိုင်မလဲဆိုတာ တင်ပြထားတယ်။ ပြီးရင် အုပ်ချုပ်ရေးပိုင်းနဲ့ ပေါင်းပြီး
အရေးယူပါမယ်''ဟု ဦးမြင့်သန်းက ပြောသည်။

ယခုလ ၅ ရက်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားသူ
တစ်ဦးက ပုဂံဘုရားများ နောက်ခံထား၍ ဝတ်လစ်စလစ် ပုံများရိုက်ပြီး လူမှုကွန်ရက်တွင် ဖော်ပြမှုများ
ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး