စားသုံးသူ သတင်းအချက်အလက်နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကို
စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာ (မန္တလေး)ဌာနခွဲအတွင်း ယခုလ၁ဝ ရက်၌
စတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူနစ်နာမှုအတွက် တိုင်ကြားမှု အများအပြားရရှိထားကြောင်း
မန္တလေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းပေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ
ဒေါက်တာအောင်မြင့်က ပြောသည်။
''အရင်နှစ်တုန်းက တစ်နှစ်လုံးမှ တိုင်ကြားမှု နှစ်ခုလောက်သာ ရှိခဲ့တယ်။ အခုလက်ရှိအချိန်ထိ
တိုင်ကြားမှု ဆယ်ဂဏန်းထိ ရှိလာပြီး စားသုံးသူ ပြည်သူတွေ နစ်နာမှုတွေကိုတိုင်ကြားရမှန်း
အသိပညာတိုးလာကြပြီ။ တစ်ပြည်လုံးမှာတော့ စင်တာ ၁ဝ ခုထိ ရှိနေပြီ၊ အခုမန္တလေးစင်တာ
သီးသန့်ဖွင့်ခဲ့တာရက်ပိုင်းပဲ ရှိသေးတယ်။ တော်တော်များများလာတိုင်နေကြပြီ၊ တိုင်ကြားမှုတွေ
အတွက်ဘယ်သူတိုင်တယ်၊ ဘာအတွက်ကြောင့်အချက်အလက်အတိအကျ ကောက်ယူပြီးလျှို့ဝှက်
သင့်တာကို လျှို့ဝှက်ထားပါတယ်။ဖောင်လေးဖြည့်ပြီး တိုင်ကြားရုံပါပဲ။ အွန်လိုင်းကနေ တိုင်ကြား
လို့လည်း ရပါတယ်။ တိုင်ကြားတာတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညှိနှိုင်းဖြေရှင်း
ပေးတာတွေလုပ်တယ်။ ဥပဒေအရ ပြောဆိုတာတွေလည်း ရှိတယ်။ အရေးယူရတာတွေလည်း
ရှိတယ်'' ဟု ပါမောက္ခဒေါက်တာအောင်မြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။
စားသုံးသူ မိဘပြည်သူများသည်ဝန်ဆောင်မှု လိုအပ်ချက်များ၊ စားသုံးသူအခွင့်အရေးဆိုင်ရာ
နစ်နာမှုများရှိပါက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၅ (အေ)လမ်းနှင့် ၆၄ လမ်းထောင့်ရှိ
ဃှုဃဃ သို့လာရောက်တိုင်ကြားနိုင်သည်။















