မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် မြန်မာပြည်၏ ပထမဆုံး
ကုန်းတွင်းဆိပ်တစ်ခု ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား
(အထက်မြန်မာပြည်)မှ အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။
စီမံကိန်းကို ကုန်းတွင်းဆိပ်ဆိုင်ရာအစိုးရများအကြား သဘောတူစာချုပ်အရ ဆောင်ရွက်
ခြင်းဖြစ်ပြီး နှစ်နှစ်စီမံကိန်းဖြစ်ကြောင်း ၄င်းက ပြောသည်။
ယခုတည်ဆောက်မည့် ကုန်းတွင်းဆိပ်သည် အကျယ် ရ၅ ဧကရှိကာ ပင်လယ်ဆိပ်ကမ်း
(Sea Port) လုပ်ငန်းများကဲ့သို့လုပ်ငန်းအားလုံးပါဝင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ကုန်းတွင်းဆိပ်မှာအကောက်ခွန်လုပ်ငန်းတွေ ဆောင်ရွက်ပြီးတဲ့အခါရန်ကုန်ရောက်ရင်
အကောက်ခွန်လုပ်ငန်းတွေ ဆက်ပြီး ဆောက်ရွက်စရာမလိုဘဲတစ်ခါတည်း သဘောင်္ပေါ်
တင်လို့ရအောင် စီစဉ်ထားပါတယ်''ဟု ၄င်းက ရှင်းပြသည်။
အဆိုပါ ကုန်းတွင်းဆိပ်တည်ဆောက်ရန် ကုမ္ပဏီများကို တင်ဒါခါ်ခဲ့ရာ ကုမ္ပဏီရှစ်ခု
လာရောက်လျှောက်ထားခဲ့ကြောင်း၊ ယင်းတို့အထဲမှ စင်ကာပူအခြေစိုက် Kerry Logistics
ကုမ္ပဏီလီမိတက်နှင့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Resource Logistics ကုမ္ပဏီ
လိမိတက်တို့ကို ရွေးချယ်ခဲ့ကြောင်း၊ ဧပြီ ၃ ရက်က အဆိုပါကုမ္ပဏီနှစ်ခုနှင့် သဘောတူ
စာချုပ်ချုပ်ဆိုပြီးကြောင်း ၄င်းက ပြောသည်။
''Kerry Logistics က မြေ ၄၂ ဒသမ ၆၇၄ ဧကပေါ်မှာ လုပ်ခွင့်ရတယ်။ Resource
Logistics က အပိုင်းနှစ်ပိုင်းမှာ လုပ်ခွင့်ရပါတယ်။ မြေ ၁၈ ဒသမ ၄၇ ဧကနဲ့ ၁၃ ဒသမ ၃၆
ဧကပေါ်မှာပါ။ ကျွန်တော်တို့ မြန်မာ့မီးရထားကနေပြီး ဇွန်လပထမပတ်ကစပြီး မြေလွှဲ
ပြောင်းပေးဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လွှဲပြောင်းပြီးတာနဲ့ ကုမ္ပဏီတွေက လုပ်ငန်း
စပါမယ်''ဟု ၄င်းက ပြောသည်။
အဆိုပါကုန်းတွင်းဆိပ်သည် လားရှိုး-မူဆယ်ရထားလမ်းဖောက်ဖြစ်ခဲ့ပါက တရုတ်နိုင်ငံမှ
ဆောင်ရွက်လျက်ရှိသည်။ One belt, One Road နှင့် ဆက်သွယ်လာနိုင်ကြောင်း
၄င်းက ပြောသည်။















