၂ဝ၁၇ ခုနှစ်၊ မတ်လက ကျင်းပပြီးစီးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို
ပြီးခဲ့သော ဇွန် ၁၇ ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ရလဒ်ထွက်ပြီးနောက် ကျရှုံးခဲ့သူများအနေဖြင့် လာမည့်စာမေးပွဲအတွက် အားနည်းချက်
များကို ပြင်ဆင်ပြီး အောင်မြင်မှုတစ်ဖန် ပြန်ရရှိစေရန်နှင့် စတင် ကြိုးစားမည့်သူများ
စိတ်ဓာတ်ခွန်အားရရှိကာ လေ့ကျင့်ကြိုးစားနိုင်ရန်အတွက် ထူးချွန်စွာ အောင်မြင်ခဲ့သူ
တချို့၏ ဖြတ်သန်းကြိုးစားခဲ့ရသည့် အခြေအနေများကို ဖော်ပြလိုက်ပါသည်။
မချောစန္ဒာဝင်း
ဘာသာစုံဂုဏ်ထူးရှင် မရမ ၆၁၁၊
ကြံတိုင်းအောင် ကိုယ်ပိုင်ကျောင်း
အောင်မြင်မှုရဖို့အတွက် စာသင်နှစ်စကတည်းက အမြင့်ဆုံးကိုမှန်းထားရပါမယ်။ အတတ်
နိုင်ဆုံး ကြိုးစားသင်ယူဖို့၊ ရည်မှန်းချက်ကို ရောက်အောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားရပါမယ်။
စာသင်နှစ်စကတည်းက အချိန်ဇယားဆွဲပြီး တစ်နေ့တာသင်ထားသမျှစာတွေကို
မှန်မှန်လုပ်ဖြစ်ခဲ့ပါတယ်။ အတန်းမှန်မှန်တက်၊ ဆရာစာသင်နေစဉ်မှာ သေချာဂရုစိုက်
နားထောင်ဖို့ အရေးကြီးပါတယ်။ စိုးရိမ်စိတ်ဖြစ်ခဲ့တာ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်
တွေပါ။ တခြားဘာသာရပ်တွေထက် အဲဒီဘာသာရပ်တွေကို အချိန်ပိုပေးပါတယ်။
မေးခွန်းဟောင်းတွေ လေ့လာတယ်။ Essay, Letter တွေများများဖတ်တယ်။ ဆရာမ
လေ့ကျင့်ခိုင်းတဲ့ ခေါင်းစဉ်တွေကို ရှာပြီးလေ့လာပါတယ်။ Text များများဖတ်ပြီး သဒ္ဒါကို
လေ့ကျင့်ပါတယ်။ သင်္ချာအတွက် မေးခွန်းဟောင်းတွေကို တတ်နိုင်သလောက်တွက်ပါ
တယ်။ တစ်မှတ်တန်တွေ ကြည့်တယ်။ Formula တွေနေ့တိုင်းပြန်ကြည့်ပြီး အခန်း
တစ်ခန်းပြီးတိုင်း Formula တွေရအောင်ကျက်ပါတယ်။
တစ်ပတ်သင်လိုက်တဲ့စာထဲမှာ မရတာတွေကို ဆရာ၊ ဆရာမတွေကို မေးပြီး ပြန်လေ့ကျင့်
ပါတယ်။ တစ်ဘာသာကို ၄၅ မိနစ်နှုန်းနဲ့ ခြောက်ဘာသာကို နေ့စဉ်စာကျက်ချိန် ငါးနာရီရှိ
ပါတယ်။ အားချိန်တွေမှာ ခဏနားပြီး စာကျက်ချိန်အတွက် ပိုပေးပါတယ်။ စိတ်လန်းဆန်းဖို့
အချိန်အနည်းငယ်ပေးပြီး ခဏအိပ်ပါတယ်။ တစ်ခါတလေ သီချင်းအကျယ်ကြီးအော်
ဆိုတယ်။ တစ်ပတ်တစ်ခါ တီဗီကြည့်တယ်။
ပုံဆွဲရတာကြိုက်လို့ အပန်းဖြေဖို့ ပုံဆွဲဖြစ်တယ်။ စာမေးပွဲရက်ရောက်ရင် စာကျက်ချိန်
နည်းနည်းပိုပေးတယ်။ အိပ်ရေးတော့ မပျက်စေပါဘူး။ ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။
တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပြီး အနားယူချိန်လည်း ရှိပါစေ။ လပတ်စာမေးပွဲတွေမှာရတဲ့
အမှတ်တွေနည်းလို့ စိတ်ဓာတ်မကျပဲ အကြောင်းရင်းကို ပြန်သုံးသပ်ပြီး ကြိုးစားမြဲကြိုးစာ
းပါ။ အောင်မြင်မှုနောက်ကို လိုက်စရာမလိုပဲ အောင်မြင်မှုက မိမိနောက်ကို လိုက်လာပါ
လိမ့်မယ်။

မယွန်းဝတီထွန်း၊
ငါးဘာသာဂုဏ်ထူးရှင် မရတ ၁၄၆၈၊
ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်း
ကျောင်းသားတစ်ယောက်အောင်မြင်မှုရဖို့ ခံယူချက်က အရေးပါပါတယ်။ စာသင်နှစ်မစခင်
ကတည်းက အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
စိုးရိမ်စိတ်ဖြစ်မိတဲ့ ဘာသာရပ်တော့ မရှိခဲ့ပါဘူး။ အဲဒီအတွက် အထူးပြင်ဆင်စရာ
မရှိခဲ့ပါဘူး။ တစ်နေ့ကို ကျက်မှတ်လေ့လာချိန် ခုနစ်နာရီပေးထားတယ်။ တနင်္ဂနွေ
ကျောင်းပိတ်ချိန်တိုင်း သီချင်းနားထောင်ဖြစ်တယ်။ စာမေးပွဲရက်တွေမှာ ကျက်မှတ်လေ့လာ
ချိန် ၁ဝ နာရီ လောက်ပေးခဲ့ပါတယ်။ ကျောင်းသူကျောင်းသားအားလုံး ရည်မှန်းချက်ထားပြီး၊
ဆရာ ဆရာမတွေရဲ့စကားကိုနားထောင်ပြီး အတတ်နိုင်ဆုံး အားသွန်ခွန်စိုက် ကြိုးစား
ကြစေချင်ပါတယ်။

မောင်ငြိမ်းမင်းဇော်၊ ဘာသာစုံဂုဏ်ထူးရှင်
မနမ ၁၈ဝ၇၊ A.S.K ပညာရေး
ပညာသင်နှစ်စကတည်းက ကျွန်တော်လုပ်နိုင်သလောက် အစွမ်းကုန်လုပ်မယ်လို့ စိတ်ပိုင်း
ဖြတ်ခဲ့ပါတယ်။ စာကျက်ချိန်၊ လေ့လာချိန်၊ အိပ်ချိန်တွေကို စနစ်တကျသတ်မှတ်ခဲ့ပြီး
ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ခဲ့တယ်။ အောင်မြင်ဖို့အတွက် ဆရာပြောခဲ့တဲ့ (P)
လေးလုံးဖြစ်တဲ့ Purpose (ရည်မှန်းချက်)၊ Plan (အစီအစဉ်)၊ Performance (အတိအကျ
လိုက်နာဆောင်ရွက်မှု)၊ Persevere (ဇွဲလုံ့လ)တွေ ကျောင်းသားတိုင်းမှာရှိသင့်ပါတယ်။
ကျွန်တော့်အတွက် အောင်မြင်ဖို့ဆိုတာ ကျွန်တော်တစ်ယောက်တည်းနဲ့ မလုံလောက်ပဲ
မိဘနှစ်ပါးရဲ့ဂရုစိုက်မှု၊ ပညာရေးကို လိုတဲ့အချိန်နဲ့ နေရာတိုင်း စိတ်ရှည်လက်ရှည်ဖြည့်
ဆည်းပေးတဲ့ A.S.K ပညာရေးမိသားစုက ဆရာတွေ ဆရာမတွေကြောင့် စွမ်းဆောင်နိုင်
ခဲ့တာပါ။
ဘာသာရပ်တွေထဲမှာ မြန်မာစာကို နည်းနည်းစိုးရိမ်ခဲ့ပါတယ်။ သတ်ပုံမမှားဖို့၊ လက်ရေး
လက်သားကောင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ စာတွေကို ဖုန်းထဲမှာ အသံသွင်းထားပြီး
ညအိပ်ခါနီးတိုင်းဖွင့်အိပ်ပါတယ်။ ကြာလာတော့ ဦးနှောက်က မသိမသာမှတ်မိသွားပြီး
စာတွေကို သီချင်းတွေလို ရင်းနှီးသွားတယ်။ စာစီစာကုံးအတွက် စာတော်တော်ဖတ်ခဲ့ရပြီး
စု၊ တု၊ ပြုလေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ စာသင်နှစ်အတွင်း တစ်နေ့ကို ငါးနာရီလောက်
ရအောင် ကျက်မှတ်လေ့ကျင့်ပါတယ်။
ကျောင်းမသွားခင် နံနက် ၅ မှ ရ နာရီ၊ ည ၈ မှ ၁၁ နာရီအထိပါ။ စနေ၊ တနင်္ဂနွေမှာ
Letter တစ်ပုဒ်၊ Essay တစ်ပုဒ်၊ စာစီစာကုံးတစ်ပုဒ်ရေးပြီး ဘာသာပြဆရာတွေကို
လိုအပ်ချက်တွေ ထောက်ပြစေပါတယ်။ အပန်းဖြေဖို့အတွက် အားလပ်ချိန်တွေမှာ သီချင်း
နားထောင်၊ ည ရ နာရီထမင်းစားပြီး လမ်းလျှောက်ပါတယ်။ စာမေးပွဲတွင်းမှာ မနက် ၆ မှ
၇ နာရီ၊ မွန်းလွဲ ၂ မှ ည ရ နာရီ၊ ည ၈ မှ ၁ဝ နာရီအထိ ကျက်မှတ်ပါတယ်။ ကြိုးစားတဲ့
နေရာမှာ နည်းမှန်လမ်းမှန်ဖြစ်ဖို့လိုတယ်။ စာသင်ချိန်မှာ အာရုံစိုက်နားထောင်ဖို့၊ ဆရာရဲ့
လမ်းညွှန်ချက်ကို လိုက်နာဖို့၊ နားမလည်တာကို ချက်ချင်းမေးမြန်းဖို့လိုပါတယ်။ ကျန်းမာရေး
ကိုလည်း အထူးဂရုပြုဖို့ လိုပါတယ်။

မောင်သက်နောင်စိုး၊
ငါးဘာသာဂုဏ်ထူးရှင် မရတ ၅၈၈၊
မဟာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း
အောင်စာရင်းထွက်မှ နောင်တမရအောင် အကောင်းဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားမယ်လို့
ဆုံးဖြတ်ထားခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ပတ်ဝန်းကျင်ကောင်းရှိမှု၊ ဆရာကောင်းတွေ့မှု၊ စာကိုသာ
အာရုံစိုက်မှု၊ မပျင်းမရိခြင်းနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုတွေက အောင်မြင်မှုဆီကို တွန်းပို့
ပေးပါတယ်။
ဘာသာရပ်တွေထဲမှာတော့ မြန်မာစာကို စိုးရိမ်စိတ်ဖြစ်ခဲ့တယ်။ မြန်မာစာဘာသာကို
ပုံနှိပ်စာအုပ်ကို နိုင်နိုင်ဖတ်တယ်။ ကဗျာကျက်ပြီး ဘာသာပြန်ကြည့်ပါတယ်။ ဆရာပေးတဲ့
စကားပြေတွေကို လေ့လာပြီး စာစီစာကုံးကို ရိုးရိုးတွေးပြီး ရှင်းရှင်းရေးပါတယ်။
စာသင်နှစ်အတွင်း စာသင်ချိန် ရှစ်နာရီ၊ လေ့လာကျက်မှတ်ချိန် ခြောက်နာရီရှိပါတယ်။
နားချိန်တွေမှာ အားကစားလုပ်ပြီး ပြင်ပစာအုပ်စာပေ ဖတ်ဖြစ်ပါတယ်။ ပြီးတော့
Essay, Letter ဖတ်ဖြစ်တယ်။ စာကိုပုံမှန်ကြည့်ပြီး အိပ်ရေးဝဝအိပ်တယ်။ ကျောင်းသူ
ကျောင်းသားတွေ စာမေးပွဲကို မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်မှာအရည်အချင်း
မရှိမှာကိုသာ ကြောက်ရမှာပါ။ အရည်အချင်းပြည့်အောင် ကြိုးစားကြပါ။ အရည်အချင်း
ပြည့်ရင် စာမေးပွဲဟာ လွယ်ကူပြီး ဂုဏ်ထူးတွေရကြပါလိမ့်မယ်။

မောင်အောင်ကျော်သူ
လေးဘာသာဂုဏ်ထူးရှင်၊ မရတ ၂၈၇၄၊
အောင်မိုးဟိန်း ပညာ့ရိပ်သာ
စာသင်နှစ် မစခင်ကတည်းက ဂုဏ်ထူးများများရပြီး အမှတ်ကောင်းရမယ်လို့ ရည်မှန်းချက်
ထားခဲ့ပါတယ်။ ကျောင်းသားတစ်ယောက် အောင်မြင်မှုရဖို့အတွက် ကြိုးစားမှုနဲ့
ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုတဲ့ စိတ်တွေ လိုအပ်ပါတယ်။
ကျမယ်ဆိုပြီး စိုးရိမ်တဲ့ ဘာသာရပ် မရှိပေမဲ့ သင်္ချာကိုတော့ ဂုဏ်ထူးမထွက်မှာ စိုးရိမ်ခဲ့ပါ
တယ်။ သင်္ချာတွက်ရတာ ဝါသနာပါတာကြောင့် တခြားဘာသာရပ်တွေ ကျက်မှတ်
လေ့ကျင့်လို့ပျင်းလာရင် သင်္ချာပုစ္ဆာလေးတွေ ပြန်တွက်ကြည့်နေတတ်ပါတယ်။
စာသင်နှစ်အတွင်း နေ့စဉ်ကျက်မှတ်ချိန်ကို ခြောက်နာရီပေးထားခဲ့ပါတယ်။ နှစ်နာရီတစ်ခါ
ငါးမိနစ်လောက် မျက်လုံးမှိတ်ပြီး အနားပေးတတ်ပါတယ်။ စာမေးပွဲရက်တွေမှာတော့
သုံးနာရီလောက်ပဲ စာကိုလေ့လာဖြစ်တယ်။ ညီလေး၊ ညီမလေးတွေကို စာကြိုးစားကြပါ၊
ကြိုးစားတဲ့သူတွေအတွက် အောင်မြင်မှုက စောင့်ကြိုနေပါတယ်လို့ ပြောချင်ပါတယ်။
















