ကျပ်သိန်းပေါင်း ၁၆,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများလမ်းဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား

ကျပ်သိန်းပေါင်း ၁၆,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများလမ်းဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၆,ဝဝဝ ကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများကို
လူနေ အိမ်ခြေနည်းပါးသည့် ကားလမ်းမတစ်လျှောက်တွင် လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်း
မုံရွာမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ယခုလ ၁၉ ရက်က မုံရွာမြို့၊ ထန်းတောရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်
မူးယစ်ဆေးဝါးဟု ယူဆရသော ဖြူ၊ ဝါ ရောင် အမှုန့်များကို ပလတ်စတစ်အိတ်ဖြင့် ထုပ်၍ ဆာလာအိတ်များ
အတွင်း ထည့်ကာ ကားလမ်းမတစ်လျှောက်လာရောက်စွန့်ပစ်ထားခြင်း ဖြစ်ကြောင်း နယ်မြေရဲစခန်းမှ
စခန်းမှူး ရဲအုပ်ရဲအောင် ကယခုလ ၂ဝ ရက်တွင် ပြောသည်။

လက်ရှိ စစ်ဆေးချက်များအရ အဆိုပါအထုပ်များအတွင်း ပါရှိသည်များမှာ ၈၈၁စာတန်းပါ စိတ်ကြွရူးသွပ်
ဆေးပြား ကာလတန်ကြေး တစ်ပြား ကျပ် ၅,ဝဝဝ တန်ဖိုးရှိ ဆေးပြားပေါင်း တစ်သိန်း၊ စုစုပေါင်းတန်ဖိုး
ကျပ်သိန်း ၅,ဝဝဝ နှင့် ဘိန်းဖြူဟု ယူဆရသော ဖြူ၊ ဝါ၊ ရောင်အမှုန့်များကို ထုပ်ထားသည့် အထုပ်ပေါင်း
၁,ဝ၇၁ ထုပ်၊ တစ်ထုပ်လျှင် ၁၁ ကီလိုဂရမ်ပါရှိပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၁,၇၈၁ တန်ဖိုး
ရှိကြောင်း၄င်းက ပြောသည်။

''ဒီဖက်ခေတ် ရောက်လာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိလာတဲ့အတွက်
နေရာတိုင်းမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတာကြောင့် သူတို့လုပ်ကိုင်ဖို့ နယ်မြေကျဉ်းမြောင်း
သွားလို့ အခုလို လာရောက်စွန့်ပစ်ထားတယ်လို့ လောလောဆယ် သုံးသပ်ထားတာပေါ့။
အခုတွေ့ရှိတဲ့ နေရာတွေကလည်း လူသိပ်မစည်ကားတဲ့ ကားလမ်းတစ်လျှောက် စွန့်ပစ်သွားတာပါ။
အဲဒီရပ်ကွက် ရာအိမ်မှူးက သတင်းပေးလို့ကျွန်တော် မသင်္ကာလို့ သွားရောက်စစ်ဆေးခဲ့တာပါ။
မုံရွာမြို့မှာကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် သတင်းပေးပေး၊ မပေးပေး လစဉ်စစ်ဆေး
ဖမ်းဆီးတာတွေ လုပ်ပါတယ်။ အခုလို ပမာဏများများ လာရောက် စွန့်ပစ်ထားတာကတော့
ပထမဆုံးပါပဲ''ဟု ရဲအုပ် ရဲအောင်က ပြောသည်။

ယင်းစွန့်ပစ်ထားသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မုံရွာမြို့ နယ်မြေရဲစခန်းက
မူးယစ်ဆေးဝါးပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ
ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး