မန္တလေးတိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းတိုးတက်လာကြောင်း
အခြေခံပညာ ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။
၂ဝ၁၆ ခုနှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၅ ရှိခဲ့ရာမှ ယခုနှစ်တွင် ၄ဝ ဒသမ
၂၂ ရာခိုင်နှုန်း ရှိလာသဖြင့် ၄ ဒသမ ရ၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။
ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ ၉၉,၈၄၅ ဦး ဝင်ရောက်ဖြေဆိုရာတွင် ၄ဝ,၁၅၄ ဦး
အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူ ၈,၅၄၄ ဦးရှိသည်။ တိုင်းဒေသကြီးအတွင်း ခြောက်ဘာသာဂုဏ်ထူးရှင်
၂၃၈ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၅၂၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉၂၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင်
၁,ဝ၄၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁,၃၄၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄,၄၆၇ ဦးရှိသည်။
ယခုနှစ်တွင် ဂုဏ်ထူးရရှိသူအရေအတွက် ၁,ဝ၇၃ ဦးတိုးလာသော်လည်း ယမန်နှစ်ထက် ခြောက်ဘာသာ
ဂုဏ်ထူးရရှိသူအရေအတွက် ၄၁ ဦးနှင့် ငါးဘာသာဂုဏ်ထူးရရှိသူ အရေအတွက် ၂၅ ဦး လျော့ကျသွား
သည်။















